ရင်ငွေ့တွေးသီ ချစ်သူဆီသို့

ကဗျာ မျက်ဝန်းကိုအသက်သွင်းလို့
ကြယ်တွေသီနှင်းထားတဲ့ အလင်းရဲ့အချင်းကို
နှလုံးသားက ယူဇနာအသင်္ချေမေတ္တာနဲ့ တိုင်းတာကြည့်ရင်း
သစ္စာဘွဲ့စကားတို့ကို တိုင်တည်ကြမယ်
ကမ္ဘာတည်သမျှ ရှိနေကြစေပေါ့…

ကြင်နာသူ ရှက်ပြုံးနဲ့
မျက်ခုံးပင့်ရင် တစ်သက်လုံးဖြစ်မယ့်
ရင်ခုန်သံတွေက တဒိတ်ဒိတ်
တရိပ်ရိပ်လင်းနေတဲ့ ဖျောက်ဆိပ်မျက်လုံးလေးကို
တိတ်တိတ်လေးနဲ့ ကြည့်နေရင်းက
ကြိတ်မှိတ်ဆွေးရမှာကိုစိုးမိတယ်..

အခိုးငွေ့များကြားမှာ
တိုးလို့ဖက်ထားသမျှ နွေးထွေးနေရင်
အတွေးလေးများကြားမှာ အေးဆေး
ဖြေးဖြေးလေးနီးရင်း ရေးရေးလေးကြီးပြင်းလာတဲ့ သံယောဇဉ်ကို
ကမ္ဘာတည်သမျှ ဖွင့်ဆိုကြမယ်
စင်္ကြ၀ဠာအနှံ ပြန့်ကျယ်စေ…

Popularity: 76% [?]

9 Responses to “ရင်ငွေ့တွေးသီ ချစ်သူဆီသို့”

  1. သံယောဇဉ်ကို ကမ္ဘာတည်သမျှဖွင့်ဆိုလိုက်မယ်
    သံယောဇဉ်ကမမြင်ရပေမယ့် ရင်ထဲနစ်နေအောင်ခံစားရပါတယ်
    ကဗျာတွေမဖတ်ရတာကြာလို့လားမသိဘူး
    ဒီနေ့ကဗျာနှစ်ပုစ်ဖတ်ရတယ်
    ကြိုက်တယ်ဗျာ
    ခေါင်းစဉ်လေးကိုလဲကြိုက်တယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

  2. မင်္ဂလာပါ
    -ကြင်နာသူ ရှက်ပြုံးနဲ့
    မျက်ခုံးပင့်ရင် တစ်သက်လုံးဖြစ်မယ့်
    ရင်ခုန်သံတွေက တဒိတ်ဒိတ်
    တရိပ်ရိပ်လင်းနေတဲ့ ဖျောက်ဆိပ်မျက်လုံးလေးကို
    တိတ်တိတ်လေးနဲ့ ကြည့်နေရင်းက
    ကြိတ်မှိတ်ဆွေးရမှာကိုစိုးမိတယ်..-
    ကာရံလေးကော ကဗျာလေးပါနှစ်သက်တယ်
    ကဗျာကောင်းလေးကို အားပေးသွားပါတယ်

    ခင်မင်စွာဖြင့်း)

  3. မရေးမရေးနဲ့ ရေမဲ့ ရေးတော့လဲ လန်ထွက်နေတာပဲ၊ ကမ္ဘာတည်သမျှ ဖွင့်ဆိုပြီး စင်္ကြာဝဠာ အနှံ ပျံ့ကျယ်နိုင်ပါစေ

  4. အခိုးငွေ့များကြားမှာ
    တိုးလို့ဖက်ထားသမျှ နွေးထွေးနေရင်
    အတွေးလေးများကြားမှာ အေးဆေး
    ဖြေးဖြေးလေးနီးရင်း ရေးရေးလေးကြီးပြင်းလာတဲ့ သံယောဇဉ်ကို
    ကမ္ဘာတည်သမျှ ဖွင့်ဆိုကြမယ်
    စင်္ကြ၀ဠာအနှံ ပြန့်ကျယ်စေ…
    ဒီစာသားလေးရဲ့အဓိပ္ပါယ်ကို နှစ်သက်ပါတယ်.

  5. ရေးပေးတဲ့သူရော.. အရေးခံရတဲ့သူပါ နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေနော်..

  6. ကဗျာက အရမ်းကောင်းတာဘဲ

  7. မှန်မှန်ပြော ဒူ့ တွက်မွေးနေ့ ဆုတောင်းလဲ

  8. ငါ့အကိုကဗျာတွေကတော့ ဘယ်အချိန်ဖတ်ဖတ် အသစ်ထွက်သမျှလည်း လန်းတယ် ..
    ခံစားချက်ကလည်း ပြင်းထန်တယ်ဗျာ … ကောင်းတယ်အကိုရေ ..
    ကြင်နာသူ ရှက်ပြုံးနဲ့
    မျက်ခုံးပင့်ရင် တစ်သက်လုံးဖြစ်မယ့်
    ရင်ခုန်သံတွေက တဒိတ်ဒိတ်
    တရိပ်ရိပ်လင်းနေတဲ့ ဖျောက်ဆိပ်မျက်လုံးလေးကို
    တိတ်တိတ်လေးနဲ့ ကြည့်နေရင်းက
    ကြိတ်မှိတ်ဆွေးရမှာကိုစိုးမိတယ်..
    ဆိုတဲ့အပိုဒ်ကတော့ အသဲခိုက်တယ်ဗျာ

  9. နှလုံးသားက ယူဇနာအသင်္ချေမေတ္တာနဲ့ တိုင်းတာကြည့်ရင်း
    သစ္စာဘွဲ့စကားတို့ကို တိုင်တည်ကြမယ်
    ကမ္ဘာတည်သမျှ ရှိနေကြစေပေါ့…

    ရေးလိုက်တိုင်းကောင်းနေပါတယ် ကဗျာဆရာ

Leave a Reply