ယသော်ဓယာတမ်းချင်း


မေတ္တာသွန်းမြှား မယ်တော့အပါးနတ်ထံသွားအောင်
စွမ်းလွန်းအရှင်အများမြင်တယ်
တင်းတိမ်ကွယ် နှလုံးငယ်အရာဟောင်းကို
ရောင်မဲ့ ကိုယ်ပွားငယ်စူးနဲ့တွယ်လို့ အကျွန်ပဲသိတယ်….
ယှဉ်တွဲနှစ်ကိုယ် နန်းရိပ်ခိုလို့ ပျော်ခွင့် (၁၃)ရာသီက
ပုထုစဉ်နှမတွေးဝယ် တမတ်တာမျှမရှိဘူးရယ်..

ကြာချည်အလှပ် ကြည့်တချက်ရယ်နဲ့
ဆုံးသတ်တဲ့သံယောဇဉ်ကြောင့် အသည်းစိုင်ပြတ်ပြီပေါ့..
အဆိုးငယ်ငိုတေးနဲ့ ခြေဆွဲလို့တားမရအောင်
ခွန်းတုံ့မပြန် ငြိမ်သက်စံရင်း
ရာဟုကိုထွေးလို့ အိပ်ဟန်ဆောင်ခဲ့ရတယ်…

အနုငယ်ရှေးအစ ဆုထူးပန်ဘ၀ကတည်းက
ငါးခိုင်ကြာမျှဝေလို့ ပေးဆပ်မှုတွေနဲ့ချစ်ရသူပါမောင်..

သံယောဇဉ် အသင်္ချေ မမြင်နေစေတော့သခင်
ပစ္စုပ္ပန်မေတ္တာရဲ့ ငဲ့ကွက်တဲ့ နှုတ်ဆက်အနမ်းကို
ခံစားချင်စမ်းတယ်..

ခွန်းမသနိုင်တဲ့ ရိုင်းကြမ္မာငင် အံကြိတ်ရင်ခွင်
နှလုံးတခွင်မှာတော့ မျက်ရည်မိုးစွေမဆုံးတယ်..
တကြောသံသယာမျောဖော် ဆန္ဒလောက်သော်မျှအခွင့်မရသူ
ကန္တိကကိုကျောသပ်လို့ ပြောမထွက်တဲ့ဝမ်းနည်းမှုတွေနဲ့
အနော်မာဟိုဘက်ကမ်းမှာ နှလုံးကွဲကျန်ပါစေ
ရဲသွေးယို ခြေလှမ်းနဲ့ ဖ၀ါးထပ်ချပ်လိုက်ချင်တယ်…

တရိပ်ခို သယမ္ဘူလွတ်ကြောင်းကို
မခွာအတူရေစုံကမ်းလို့
ပန်းခြားအကြင်နာနဲ့ ပါရမီဝန်တော်ထမ်းလိုတယ်…
ဒွေးတော်အနမ်း အမောင်တမ်းသလို သွေးတော်ကိုဖြစ်ခံနိုင်ဘူး
ဆန္ဒတော်မျိုသိပ်လျက်နဲ့ တိတ်တိတ်လေး ကျန်ခဲ့ရတယ်..

ဖြည့်ဆည်းနေကျအသင်္ချေ အခွင့်သွေအဆုံးသတ်မှာ
လွမ်းရုပ်မဖော်ရဲတဲ့ လင်ပစ်တဲ့နန်းမတော်ရယ်ပါ..
ခွင့်မကြုံအပြုံးနဲ့ငိုလို့ လမ်းဆုံးမှာရပ်ကျန်ခဲ့ဘူး
မောင်တောပျော်သလို နန်းတော်ကမယွင်းတူတယ်…

ရွှေပြည်တော်မြန်း လှမ်းတဲ့အ၀င်ခရီးမှာ
မောင့်ရိပ်တိုင်းလို မေတကိုယ်သာလျှင်ဖြစ်ချင်တယ်…
မောင်… အနေကဇာဂါထာကျူးတော့
အပါးက သာဓုခေါ်ခွင့်မရတာ တစ်သက်တာမျှမချိဘူးမောင်….

Popularity: 9% [?]

7 Responses to “ယသော်ဓယာတမ်းချင်း”

  1. ပါရမီဖြည့်တာပဲဗျာ…။ :) ခင်ဗျားတော့ ကဗျာဆရာ ဆိုပြီးနာမည်ကြီးအုံးမှာသေချာတယ် :)

  2. ဟူးတော်သေးတယ်…။ အိမ်မက်ဖြစ်နေလို့။
    သရဲစားသွားတယ်ထင်တာ။ :)
    ကဗျာလေးကအရမ်းကောင်းပါတယ်။ ဟာသလည်းမြောက်တယ်

  3. (ကြာချည်အလှပ် ကြည့်တချက်ရယ်နဲ့
    ဆုံးသတ်တဲ့သံယောဇဉ်ကြောင့် အသည်းစိုင်ပြတ်ပြီပေါ့..
    ရာဟုကိုထွေးလို့ အိပ်ဟန်ဆောင်ခဲ့ရတယ်…
    လင်ပစ်တဲ့နန်းမတော်ရယ်ပါ…)
    ကဗျာ သိပ်ကောင်းတယ်.. ရင်ထဲမှာ အထိဆုံး.. အခံစားရဆုံး စာကြောင်းတွေကို ပြန်ကောက်နုတ်ခဲ့တယ်..။ လေးမ ငယ်ငယ်က လည်း ယသော်ဓယာကိုသနားလို့  အလောင်းတော် ( ဗုဒ္ဓမြတ်စွာ) ကို တကိုယ်ကောင်းဆန်လှချည့်လို့  ပြစ်မှားခဲ့ဖူးတယ်…။ အသက်ကြီးလာတဲ့ အခါ သတ္တ၀ါ အပေါင်းကို ကယ်တင်ဖို့  မိန်းမသားတစ်ယောက်ကို လျစ်လျူ ရှုရပေတာလို့  နားလည်သွားခဲ့တယ်…။ ဘာပဲဖြစ်ဖြစ် ယသော်ဓယာရဲ့ မျက်ရည်ကိုတော့ ကိုယ်ချင်းစာနိုင်ခဲ့တယ်..။ ကဗျာဆရာ ဘယ်လိုသဘောနဲ့  ရေးတယ်ဆိုတာ မသိပေမယ့် လေးမ အနေနဲ့  ဒီကဗျာဟာ မိန်းမ တစ်ယောက်ရဲ့ ငိုကြွေးသံပါပဲ..။

  4. အားပေးသွားတာ ကျေးဇူးတင်ပါတယ်မလေးမ.. ဗုဒ္ဓမြတ်စွာဟာ အရိပ်စစ်တနေရာက အားလုံးကို ကယ်တင်ခဲ့ပေမယ့်.. ယသော်ဓရာရဲ့ခံစားချက် ကိုသိစေချင်ယုံပေါ့…

  5. Nice blog, i have added it to my favourites, greetings

  6. Nice blog, i wiil back here everyday. Greetings

  7. တွေ့ ပြီ.. ဒီမှာပဲ .. ယူမယ်နော်

Leave a Reply