ဆည်းဆာခတ်တဲ့ ရွှေယက်ကန်း
မေတကိုယ် နေညိုမှာ ရွှေအိုသ
လေချိုခတဲ့
ညဆည်းဆာ…..
ဆံကေသာ ပိတုန်းတောက်
ရွှေဖောက်သလို တကွက်ဆန်းနဲ့
ထက်နန်းယံ တိမ်လမ်းဆီ
လွင့်ပြန်မည့်ဟန်….
ပန်းပန်လေယဉ်တကိုယ်မွေ့
ဘ၀င်တွေ့မူးစေတယ်..
ဖြူလွေ့ရောင်ပ၀ါပါးနဲ့
သူယောင်မယ်လေလားကွယ်…
ပန်းရောင်သွေး လွေ့လွေ့ဝါ
ပါးနုဝါ ရွှေမှုန်ညှင်းတော့
ရင်တကိုယ် တုန်ကာညှင်းတယ်
နှိုင်းဘယ်မရှိဟန်….
လှချင်းပြိုင် ဘယ်နိုင်ပါဘူး
ဆည်းဆာရောင်ဖြူးတော့ကွယ်
ရူးတော့မယ် ဒီကိုယ်မှာဖြင့်
ဦးသွဲ့ကာ လည်ပြန်မတုန်နဲ့
ရင်ခုန်မှာ စိုးမိတယ်….
ဆည်းဆာရယ် ညိုရောင်သော့
ရွှေရောင်ဖျော့ ည၀တ်လွှာ
တောင်ညိုရယ် နေမကွယ်
တိမ်တွေရယ် ဗွေလာမဖောက်နဲ့
ဆည်းဆာပျောက်မှာစိုးလို့ကွယ်…..
Popularity: 10% [?]









ကဗျာတွေ ကတော့ မိုက်တယ် အစ်ကိုရေ ။ ဘယ်လိုများတွေးပြီး ရေးလည်းဗျာ ။ ကောင်းမှကောင်းပဲ ။
ရူးတော့မယ် ဒီကိုယ်မှာဖြင့်
ဦးသွဲ့ကာ လည်ပြန်မတုန်နဲ့
ရင်ခုန်မှာ စိုးမိတယ်….
ဖူးရွနေတာပဲဗျာ ။ အားပေးနေပါတယ် ။
အကိုရေ … လက်ရာတွေကတော့ ရှယ်ပဲဗျို့ ….
အကုန်လုံး ဖွဲ့ထားတာ အရမ်းလှတာပဲဗျာ … လေးစားတယ်
ဟား……..ကဗျာလေးတွေက အလန်းတွေကြီးပဲ ဦးဦးပြခန်း
တို့ကတော့လန်ထွက်နေတာပဲ… အဖွဲ့အနွဲ့ အရေးအသား တွေက အဆန်းအပြားတွေကြီးပဲ…
ကြိုက်တယ်ဗျ..
ကဗျာဆရာကို အကြံပြုပါရစေ—
ကဗျာပေါင်းချုပ် စာအုပ်လေးထုတ်ပါလား—
ကဗျာလေးတွေက–နုရွ နေတာပဲနော်—
အနုပညာ မြောက်ပါပေတယ်ရှင်—
ခင်မင်လျက်
ကဗျာလေး အရမ်းကောင်းတယ်…
အကိုရေ စကားလုံးတွေကို စုဖွဲ့တဲ့ အတတ်မှာတော့ ပဉ္စလက် ပါပဲ ။ ကဗျာလေးက နုရွနေတာ ပဲ ။
ဝေဖန်ချက်ကတော့ ဘယ်လိုပေးရမယ်ကို မသိသေးဘူး အကိုရာ။ အရမ်း သဘောကျတာတော့ အမှန်ပဲ ။
>>> ကိုမောင်ငယ်၊ ဖြိုးငယ်၊ ကိုရင်နော်၊ dream ၊ မသက်ဇင် နှင့်  ကိုတာတူးခင်ဗျာ ကဗျာတွေကို လာဖတ်ပြီး comment တွေထားခဲ့ လို့ ကျေးဇူးအထူးတင်ပါတယ်။ မသက်ဇင်ရေ အကြံပေးတဲ့ တွက်ကျေးဇူးပါဗျာ…ကဗျာပေါင်းချုပ်ထုတ်ချင်ပါတယ်…အဆင်မပြေသေးလို့ ပါ….နောက်များကျရင်ပေါ့ ..ကြိုးစားလိုက်ပါအုန်းမယ်…
အဲသလောက်လှတဲ့ ဆည်းဆာကို ဘာကြောင့်များ အပြင်လောကမှာ အားပါးတရ မခံစားမိပါလိမ့်..။
ယဉ်နွဲ့ နွဲ့ မေတကိုယ်
တုနိုင်းမဲ့ နန်းဆန်လှတယ်
နေညိုမှာ ရွှေအိုသ
လေချိုခတဲ့ ညဆည်းဆာ…..
ဆံကေသာ ပိတုန်းတောက်
ရွှေဖောက်ကာ တကွက်ဆန်းနဲ့
ထက်နန်းဆံ တိမ်ယံလမ်းသို့ 
ယိမ်းနွဲ့ ကာ လွင့်တက်မည့်ဟန်….
ပန်းပန်လေ ယဉ်တကိုယ်မွေ့
ဘ၀င်တွေ့ မူးမိုက်စေတယ်..
ဖြူလွလွ ပ၀ါပါးနဲ့
လှလွန်းတဲ့ သူယောင်မယ်…
ပန်းရောင်သွေး လွေ့လွေ့ဝါ
ပါးနုဝါ ရွှေမှုန်ညှင်းတော့
ရင်တကိုယ် တုန်ကာညှင်းတယ်
နှိုင်းဘွဲ့  မရှိဟန်….
လှချင်းပြိုင် ဘယ်နိုင်ပါဘု
ဆည်းဆာရောင် ၀င်းပပမယ်
ဦးသွဲ့ကာ လည်ပြန်မတုန်နဲ့
ရင်ခုန်မိ ကိုယ့်မှာကွယ်..
ဆည်းဆာရယ် ညိုရောင်သော့
ရွှေရောင်ဖျော့ ည၀တ်လွှာ
တောင်ညိုထက် နေမကွယ်
တိမ်တွေရယ် ဗွေလာမဖောက်နဲ့
ညဆည်းဆာ အလှတပါးကို
ပျောက်သွားမှာ စိုးမိလို့ကွယ်…..
အေးချမ်း ပြီးဆိတ်ငြိမ် တဲ့ ကျေးလက် တစ်ခု ဆီက တိမ်တွေရယ် ဗွေလာမဖောက်တဲ့ ညိုေ၇ာင်သော့ ဆည်းဆာ တစ်ခုမှာ ကဗျာ ဆ၇ာ နဲ့ အတူ
ရှိဖူးချင်လိုက်တာ ။ဘာဖြစ်လို့လဲ ဆိုတော့ ဆည်းဆာ ဆိုတာ အကျည်းတန်လှ ချိန်ဆိုတော့ သူယောင်မယ်လို မလှ သူတွေ အတွက်
ဆည်းဆာ အလှ ဘွဲ့တွေ ဖွဲ့ထားတဲ့ကဗျာလှလှလေး တစ်ပုဒ်လောက်၇ချင်လို့ပါ။ဘယ်လိုလဲ ကဗျာဆ၇ာ နေ၇ဲ ၇ဲ့လား။
ကိုဥာဏ်
သတိရလို့ပါ
အွန်လိုင်းကိုစိတ်နာနေတာလား
မေးတဲ့သူတွေကမေးနေလို့ပါ
ယု ဆိုတဲ့သူကိုကျနော်သိတယ်
သူဘယ်သူလည်းဆိုတာသိချင်ရင် ကျနော့်ဆီဖုန်းဆက်လိုက်ပါ
ပြောပြမယ်
ကိုချစ်
မန္တလေး
ကဗျာလေးခံစားသွားပါတယ်။
အသည်းတွေလည်းကျွမ်းတော့မယ် နေရာဦးတဲ့သူတွေကလည်းများလိုက်တာ ကဗျာဆရာရယ် လွမ်းရလွန်းလို့
နေရာလေးများရှိရင် တဆိတ်လောက်ချန်ထားပေးပါလား
အခေါင်းလေးတော့ရှိမယ်ထင်တယ် လိုချင်ရင်လာယူထားပါလား နေရာကတော့ မရနိုင်တော့ဘူးဟေ့
များတို့လည်းပါမယ်နော် နေရာလေးတစ်ခုတော့ လိုချင်လို့ အခေါင်းတော့မယူချင်ဘူး ဟွန့်“““
ကဗျာကိုခံစား၊ ကွန်မန့်တွေဖတ်ပြီး ပြုံးသွားပါတယ် ကဗျာဆရာ။
ကဗျာ တွေလာဖတ်ပါတယ်
ကဗျာရေးတာ အရမ်းကိုတော်တာပဲ
သိပ်ကောင်းတယ်ဗျာ။ ကဗျာလေးတွေကတော့။ ပြောစရာ ကိုရှာမတွေ့ဘူး ဖြစ်နေတယ်။
ဒီကဗျာမျိုး ကိုယ်တိုင်ရေးဖို့တော့ နောက် ၁၀ ဘဝလောက်မှ ဖြစ်လိမ့်မယ် ထင်တယ်။ အခုလောလောဆယ်တော့ ကိုမျိုး ရေးတာတွေပဲ လိုက်ဖတ်တော့မယ်ဗျို့။
ကဗျာလေးတွေက ရွတ်လို့ ကောင်းတယ် အစ်ကိုရေ့ အငယ်တုန်းကလိုဆို သံပြိုင်ကို ရွတ်ဆိုမိမှာ ။