သန္ဓေပေတံ

အမိယုတ်သား နှုတ်ရမ်းကား၍
အဖယုတ်သား လက်ရမ်းကားဟု
ဆိုရိုးစကား ရှိပါငြားလည်း
သင်မိသင့်ဖ ကောင်းမွန်ပါတကား
သင်ကား သန္ဓေ ယုတ်ညံ့လေ၏..

လူဖြစ်ပါမူ ကျင့်ဝတ်အိနြေ္ဒ၊
ဂုဏ်သရေနှင့် သူ့စည်းသူ့ဘောင်
ရှိပါငြားလည်း
သင်ကားအသိ သတိမရှိပြီ
စည်းဘောင်ကျော်၍ နင်းသလော..

သင်စာစကား ကြမ်းကြုတ်လှစွာ
ပြောဆိုပါငြား
ယုတ်ရဲသောသူ သင်လိုလူအား
ဖက်ပြိုင်မပြု အံမတုပြီ
သင့်မှာအသိ ရှိသင့်၏…

သညာဥာဏ်ပျောက် သတိဖောက်၍
ကိုယ်မှမကပ် စောင့်အပ်သိက္ခာ
ဘေးကင်းကွာမူ
သင်လူဖြစ်ရှုံး နွားလုံးလုံးတည်း…

လူဖြစ်ဧကန်မုချမှန်ကား
ဝေဖန်ထောက်ရှုသတိပြုကာ
ကောင်းကျိုးလိုအင် ပြောစေချင်မူ
ဆဲရေးတိုင်းထွာ ဘေးကင်းခွာ၍
အပြုသဘောဆောင် ကောင်းသောစကား
သင်မြွက်ကြားသော်
ငါသော်နားနှင့်ဆက်ဆက်နာမည်
သင်ပညာရှိ ဧကန်သိ၏……..

(………… အရဟံ .. ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို မပြုသော မြတ်စွာဘုရားဟု ဆိုထားပါလျှက်နှင့် တချို့တချို့သည် လူသိရှင်ကြား .. မကောင်းသောစကားကို ဆိုနေကြသည်.. လွတ်လပ်စွာရေးသားရာနယ်မြေအဖြစ်လည်းကောင်း၊ ခံစားချက် ယုံကြည် မှုများ အသက်သွင်းရာနေရာအဖြစ်လည်းကောင်း တတ်စွမ်းသမျှ ကိုယ်စီကိုယ်ငှ ရကြပါစေဟူ၍လည်းကောင်း ရည်ရွယ်ချက်ကောင်းကောင်းနှင့် ရေးသားနေကြသူများရှိပါလျက်နှင့် အချို့အချို့သည် ယုတ်ညံ့သောလက္ခဏာတို့ကို ဖော်ဆောင်၍ အများ မကြားဝံမနာဝံသောစကားကို ဆိုကြကုန်၏…. လူတိုင်းတွင် အတ္တမာန်မာနများရှိပါသော်ငြားလည်း မပြောသင့် မပြောအပ်သော စကားကို မဆိုစကောင်းသည်ဖြစ်ရာ ဥာဏ်ပညာသတိဖြင့် ထိန်းချုပ်ရာ၏… သို့ပါသော်လည်း အချို့သည် အဘယ်အတွက်ကြောင့် မစောင့်စည်းနိုင်ကြပါသနည်း.. ကျွန်တော် ဒီကဗျာ ဒီအကြောင်းကို ရေးခြင်းသည် ကျနော့်စီဗောက်တွင် တွေ့ရသော မကြားဝံမနာသာ စကားများကြောင့် ရေးသားခြင်းဖြစ်ပေသည်…၎င်းစာများအား စာဖတ်သူစိတ်တွင် အနှောက်ယှက်ဖြစ်မည် စိုးပါသောကြောင့် ထည့်သွင်းမဖော်ပြတော့ပါ.. ငြိမ်းချမ်းစွာနေချင်ပါသောကြောင့် စကားများများ မပြောရသော ကဗျာရေးခြင်းအား အေးချမ်းစွာရေးသားခြင်းဖြစ်ပါသည်.. အဘယ်သူတို့၏ ယုတ်ညံ့သောပြဿနာကိုမှ ကျွန်တော်မသိလို.. ဤကဗျာ ဤစာသားကြောင့် ကျွန်တော့်၏ မိတ်ရင်းဆွေမွန်သူငယ်ချင်းများနှင့် စာဖတ်သူ၊ စာရေးသူ ညီအကိုမောင်နှမများအား အနှောက်ယှက်ပေးမိသည်ရှိသော် ရိုင်းသောစကားပါရှိပါလျှင် ကျွန်တော် မောင်မျိုးဦးဥာဏ်မှ .. ဦးညွှတ်တောင်းပန်ပါ၏.. )

ခေါင်းစဉ်ချပေးသော Controlboard (ကိုဝဏ္ဏ) အားကျေးဇူးတင်မိပါသည်..

Popularity: 10% [?]

17 Responses to “သန္ဓေပေတံ”

  1. ကဗျာဆရာရေ ပြောင်မြောက်လိုက်တာ။

  2. သင်လူဖြစ်ရှုံး နွားလုံးလုံးတည်း… တဲ့..။
    ခုဏကပဲ အဲဒီအကြောင်း ရေးလိုက်သေးတယ်..။
    ကိုမျိုး ဆီပုံးကို တစ်ခါမှ ဖွင့်မကြည့်ဖူးဘူး.. အခု စပ်စုချင်စိတ်ပေါက်သွားပြီ..။

  3. မင်္ဂလာပါ ကိုကြီးဥာဏ်၊ ကဗျာတွေ လာဖတ်သွားတယ်။ အကြိုက်ဆုံးကဗျာအောက်မှာပဲ ကွန်မန်း ပွတ်သွားတယ်။
    ရွှင်လန်းချမ်းမြေ့ပါစေ…

  4. ပြခန်းထဲက ပေတံ တစ်ချောင်းကို လာခံစားကြည့်ရှုသွားပါတယ် ခင်ဗျာ။ :)

  5. ဟုတ်တယ်…. သူတို့ရဲ့အဆင့်အတန်းနဲ့ အတွေးအခေါ်ယုတ်ညံ့တာကို ပြလိုက်တာပဲ….

  6. လာကြတယ် ဗျို့ … ရှင်းလို့ မနိုင်ဘူး … ဟား ဟား … မပြောတော့ပါဘူးးး :P

  7. ပညာရှိပီသစွာနေထိုင်ခြင်းက အကောင်းဆုံးပါပဲ။

  8. ကောင်းတယ် .. ဒီလိုမျိုး ကဗျာလေးနဲ့ ဆုံးမတာ ..
    ကိုယ်ပြုလိုက်တဲ့ အကောင်းအဆိုးကို .. ဘယ်သူသိသိ မသိသိ ကိုယ့်ကိုယ်ကိုယ်တော့ သိနေကြတာပါပဲ ..
    အနှောက်အယှက် ကင်းဝေးပီး .. အဆင်ပြေ စိတ်အေးချမ်းပါစေ ညီရေ ..။

  9. ကောင်းတယ် ဒီလိုကဗျာမျိုးလေးနဲ့ ဆုံးမတာ ..
    အကောင်းအဆိုးကို လုပ်မိ ပြောမိသူတွေဟာ .. ဘယ်သူမသိသိ ကိုယ့်ကိုကိုယ်တော့ အမြဲအရှက်ရနေကြမှာပါ။
    အနှောက်အယှက် ကင်းဝေးလို့ .. အဆင်ပြေ စိတ်အေးချမ်းစွာ ကဗျာတွေ စာတွေ ဆက်ပီး ဖန်တီးနိုင်ပါစေ ညီရေ ..။

  10. သိတောင်မသိလိုက်ဘူး ဖြစ်တွေဖြစ်သွားလဲဆိုတာကို အခုလို ပညာရှိပီသစွာဖြေရှင်းတာ ဂွဒ်တယ် :)

  11. Apapapapa!
    P<0.001
    Ref. သန္ဓေပေတံ By myooo.nyan • July 26, 2008
    kmn

  12. အင်း… ခေါင်းစဉ်နဲ့ အကြောင်းအရာ။ ခေါင်းစဉ်ချပေးသူရော ကဗျာရေးသူပါ ကောင်း၏။

  13. ဘာတွေဖြစ်လဲတော့မသိ။မရောက်တာကြာလို့လှည့်လာတာ။ကဗျာလေးတော့ကြိုက်တယ်..

  14. P value က မြင့်လှချည်လား ဗျ … ဟိ :P

  15. He He He! This ” P ” value is encouragement for our poet. good?

  16. မိုက်တယ်ဗျာ
    ကဗျာဆရာက ကဗျာအလုပ်လုပ်သွားတာ
    ချီးယားစ် !!! အကိုကြီး

  17. မိုက်တယ်ဗျာ
    ကဗျာလေးက
    ကျနော်လေးစားတယ်သိလား
    နောင်တော်ကြီးရယ်

Leave a Reply