တောင်သူအိုရဲ့ သောကည
မြူခိုးတိမ်ရောင် မိုးကမှောင်
တိမ်တောင်ကမဲ မိုးကသဲနှင့်
ချုန်းဟီးလျှပ်ထစ်
ကြိုးပစ်ညံဆာ သံမသာ
ညည့်ယံဘယ်သို့အိပ်ပါ့မယ်…
ဝေါဟစ်စီးညံ ချောင်းဆန်ရေတက်
လူးလွန့်အိပ်ယာ မွကြေရှာလျက်
တွန့်မိကိုယ်မှာ မနေသာ
မိုးယံဘယ်တော့လင်းပါ့မယ်…
ဆီမီးရောင်ဖျော့ လေကသော့နှင့်
ထန်းလက်ကကြဲ မိုးကသဲသော်
ယိုယွင်းတဲတိုင် ယိမ်းထိုးယိုင်
အောက်ခြေဘယ်မျှ ခိုင်ပါ့မယ်…
လယ်ကန်သင်းရိုး ကျိုးပစ်ရေပါ မနေသာလည်း
ဇရာထောင်းလို့ သက်ပြောင်းကြာလှ နေသာရတယ်
ဗျာပါဒနှင့် သောကနှင့်…..
Popularity: 37% [?]









ကဗျာကောင်းလေးတပုဒ်ပါပဲ…..။
ကိုကြီးရေ … ကဗျာလေးကို အရမ်းသဘောကျတာပဲ …. ကာရံလေးတွေလည်းလှတယ် .. ညီမလေးတောင် တောင်သူနေရာရောက်သွားသလိုပဲ … ကဗျာဖတ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပါ မြင်လိုက်ရတယ် …
ကဗျာကောင်းလေးကို လာဖတ်သွားပါတယ် ကိုမျိုးညဏ်
ကဗျာထဲက လယ်သမားကြီးရဲ့  သောက ကို မြင်လိုက်ရတယ် ။
ကဗျာလေးကို ခံစားသွားပါတယ်ဗျာ…
ပီပြင်တယ်ဗျာ…ကွက်ကွက်ကွင်းကွင်းကိုမြင်လိုက်ရတယ်
ဖွဲ့ထားပုံက ကွက်ကွက်ကွင်းကွင်း မြင်ရောပဲ….. အစ်ကိုကြီးရေ…..
လေးစားပြီးရင်း လေးစားသွားပြီ အကိုရေ …
ရေးထားလိုက်တာများ ထင်းခနဲ မြင်တယ် …
ဂရုဏာ သက်အောင်လည်း ရေးနိုင်တယ်ဗျာ …
ကြိုက်တယ်ဗျာ
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ
လေးစားပါတယ်အကို…
တောင်သူကြီးတစ်ယောက်ရဲ့သောကတွေကို
ပေါ်လွင်အောင်ဖော်ကျူးပြနိုင်ပါရဲ့…