တစ်ချိန်တုန်းက တက္ကသိုလ်


စိန်ပန်းပြာဝေ့သီ
ကန့်ကော်ဆီ ဒီမြိုင်တန်း
ရင်နင့်ပန်းတွေ ပွင့်ဖူးရာ
အရင်နေရာလမ်းလေး
အလှမ်းဝေးလို့ဆွေးမြေ့
မမေ့သော်လည်းမရောက်နိုင်..

အလွမ်းရနံ့တွေတော့ လှိုင်လှိုင်ဝေလို့ပေါ့…
ဟိုးတစ်ချိန်က တက္ကသိုလ်
ရွက်အိုတွေမြေမှာခ

ဆုံခဏ ဘုံဘ၀မှာ
ကြုံသမျှတွေအမှတ်တရဖြစ်
တမ်းတရစ်ထင်ကျန်
လွမ်းပြန်လေ အဖော်မရှိ

သူမသိလည်း ရှိစေကွယ်…..

Popularity: 8% [?]

8 Responses to “တစ်ချိန်တုန်းက တက္ကသိုလ်”

  1. ကဗျာလေးက ကောင်းတယ်ဗျာ .. အပြင်တက္ကသိုလ် မတက်ဘူးတော့ မသိဘူးဗျာ ..
    ဖတ်ဖူး ကြားဖူးတာပဲရှိတယ်

  2. ဂျပ်ဆင် ကိုသတိရတယ်ဗျာ ၊၊

  3. ကျွန်တော် မိန်းထဲမှာတော့ ကျောင်းမတက်ဖူးဘူး…

    ဒါပေမယ့် ကျောင်းတက်နေတဲ့ ကျောင်းသားတွေထက် မိန်းအကြောင်း ပိုသိတယ်ဆိုရင်…

    ဟတ်ဟတ်ဟတ်ဟတ်…

    သတိရသွားတယ်ဗျာ…

    ခင်ဗျားမကောင်းဘူး…

    တကယ်ဆို လေးပိုဒ်လောက်ရေးသင့်တယ်.

    ခုတော့ လွမ်းရတာတောင် ဆန့်ငင်ဆန့်ငင်ဖြစ်ကျန်ခဲ့တယ်. :)
    ဆက်ရေးဗျာ. အားပေးနေမယ်.

  4. ကဗျာတွေကကောင်းလွန်းပါတယ်
    တကယ်ပြောတာပါ
    မမကတော့ပြောတယ်
    စိတ်ကူးယဉ်ဆန်တယ်တဲ့
    ဒီခေတ်ကြီးမှာ
    စိတ်ကူးရင်..ရင်
    ပြတ်မယ်တဲ့

  5. ကျောင်းတွေပိတ်ရင်ဝေးရမယ်တဲ့
    ချစ်သူကပြောတယ်
    အကိုကရောဘယ်လိုထင်လဲ
    (မဝေးဘူး..သူတို့က ..လင်မယားလေ)

  6. မမေ့သော်လည်းမရောက်နိုင်.. တဲ့
    ဟုတ်တယ်နော်…
    မမေ့ပေမယ့် မရောက်တော့ဘူး..
    လွမ်းသွားပြီရှင်..
    မိန်းထဲရောက်မဟုတ်ပါဘူး..
    MTU ကို..။

  7. မမေ့သော်လည်းမရောက်နိုင်.. တဲ့
    ဟုတ်တယ်နော်…
    မမေ့ပေမယ့် မရောက်တော့ဘူး..
    လွမ်းသွားပြီရှင်..
    မိန်းကိုတော့ မဟုတ်ပါဘူး..
    MTU ကို..။

  8. ကျွန်မတို့ကတော့ အဲလိုနေရာကို မှန်းလို့တောင် လွမ်းလို့ မရပါဘူး အကိုရယ်.. ရွာသာကြီးမှာ ကျောင်းတက်လာရတဲ့ အဖြစ်က တော်တော်ဆိုးတယ် အိအိ

Leave a Reply