အနုပညာမောင့်မေတ္တာ

jpg

ချစ်သူ့ဟန်မူ ဆေးစက်ကူ၍
ပုံတူဆွဲကာ ပေးလိုပါလည်း…

ချစ်သူ့ရုပ်ထု၊ ကျောက်ဖွေးနုဖြင့်
ပန်းပုဆစ်ကာ၊ ပေးလိုပါလည်း…..

ချစ်သူ့ ရုပ်သွင်၊ကာရန်ဆင်၍
လင်္ကာဖွဲ့ကာ၊ ပေးလိုပါလည်း….

ပန်းချီပန်းပု စာနုပညာ မတတ်ပါ၍
ဆွဲကာဆစ်ကာ၊ သီဖွဲကာဖြင့်
မေတ္တာရည်ကာ၊ မပေးသာခဲ့…..။

ပန်းချီပန်းပုစာနုလင်္ကာ၊ မပေးပါလည်း
မေတ္တာသည်သာ၊ မြတ်နိုးရာမို့
လင်္ကာလည်းမည်၊ ပန်းပုမည်၍
ပန်းချီမည်ကာ၊ အနုပညာ………” ဟု
ပြုံးကာရယ်ကာ၊သူပြောလာသော်
မေတ္တာဆယ်ဆကဲ ရပြီ………။

………..မောင်ငြိမ်းသူ……….

မှတ်ချက်။ 1962 အမျိုးသားစာပေဆုရ မုတ်သုန်ဦးကဗျာများထဲမှ ကျွန်နော်နှစ်သက်တဲ့ကဗျာလေးမို့.. ဆရာဦးငြိမ်းသူကအခု သာသနာ့ဘောင်သို့ ၀င်ရောက်သွားပါပြီ.. သိုသော်လည်း သက်ဆိုင်သူများထံ ခွင့်ပန်၍ ဤကဗျာလေးအား ကျွန်တော့်ရဲ့နေရာသစ်ဖွင့်ပြီး ပထမဦးဆုံးကဗျာအနေနှင့် သင်ဆရာ၊ မြင်ဆရာများကို ဦးညွတ်လျှက် ကူးယူဖော်ပြမိပါသည်….

Popularity: 9% [?]

7 Responses to “အနုပညာမောင့်မေတ္တာ”

  1. အခုလို တင်ပေးတာ ကျေးဇူးပါ…. ကဗျာရဲ့ အနှစ်သာရက တကယ်ကို ကောင်းပါတယ်။ ချစ်သူရဲ့ စကားဟာ အင်အားတစ်ရပ်ဆိုတာ ပြတာပဲ။ ချစ်သူရဲ့ နားလည်ပေးမှုကို ဖော်ကြူးထားတာ.. အရမ်းကောင်းတယ်။

  2. ကဗျာကောင်းတွေ တစုတစည်းထဲဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ :) :)

  3. အမျိုးသားစာပေ ဆု ရကို ရသင့်တဲ့ ကဗျာမျိုးပါပဲဗျာ. ကဗျာရဲ့ ရသ အပြည့်အ၀ပါပဲ။ မျှဝေပေးတဲ့ ကိုမျိုးဥာဏ်ကို ကျေးဇူး အထူးပါ။ :)

  4. ကဗျာလေးကိုရော ပုံလေးကိုရော အရမ်းခိုက်သွားပြီ.. တော်တော် မိုက်တယ်ကွ

  5. I have read this poem from my childhood on paper.Now I am reading
    this on line.This make me more pleasure because of your design.You make this poem to be grand with your beautiful idea.I heartily thank you on behalf of poet’s family.

  6. (ကို)မျိုးဥာဏ်တဲ့ ကဗျာဆရာ
    တန်ခိုးဥာဏ်နဲ့အသာအယာ
    အမျိုးမှန်တဲ့ကဗျာတွေဟာ
    အဖိုးတန်တဲ့ သူ့အနုပညာ

  7. ပြုံးကာရယ်ကာ၊သူပြောလာသော်
    မေတ္တာဆယ်ဆကဲ ရပြီ………။
    ………………………………………
    ထိရောက်တဲ့ စကားလေးနဲ့ အဆုံးသတ်သွားတယ်ကိုး။ ဝေမျှတာကျေးဇူးပါဗျာ။

Leave a Reply