လှသလောက်သာ ယဉ်စမ်းကွယ်

ပန်ပါလေကွယ်..
နှောင်သက်လယ် ထုံးတော်ဖွဲ့ကေသာ
ဂမုန်းမှောင် နက်ရောင်ကျော့ဝယ်
သဇင်ဖြူ မြရွက်စိမ်းရယ်နဲ့
ပန်တော်မူ ဆင်လေမြန်းတော့
မဆန်းသော်မျှယဉ်
အသွင်တော် မသစ်သော်မျှ
အလှစစ်မို့ ညဖြစ်ဦးတော့ လင်းရော့မယ်…

ဆန်းသမျှမသစ်လိုက်ပါနဲ့
လှသလောက်သာ ယဉ်စမ်းကွယ်
အကြည့်ဖြား တချက်လေးဆတ်ရုံနဲ့
စောင်းခတ်တဲ့လက်တို့လို
ရင်ဝယ်အေးလို့ ချိုမြစွာကြားချင်ပါရဲ့
ရွှေပြည်တော် ကျော်ကာမွှေး
သတင်းလွေ့လွေ့ ကြားစေကွယ်…

ရွယ်လူးငယ်ပျို
လူမဦး ရွယ်ခူးကာပန်ချင်သော်မှ
ချွေရက်ကယ် မပြည့်မှီမို့
နေတော်မူ ပင်ယံထက်မှာ
အလှပျက်မှာ စိုးလို့ပါ..

Popularity: 100% [?]

16 Responses to “လှသလောက်သာ ယဉ်စမ်းကွယ်”

  1. နောက်ဆုံးအကြောင်းကျမှ ထောင့်သွားသလိုပဲ… အပေါ်ကဖတ်လာတာ တော်တော်မိုက်တယ်.. အောက်ဆုံးရောက်တော့ လေသံအားနည်းနည်းပျော့သွားသလားလို့…. ထင်တာပြောတာပါ… :)

  2. ရွယ်ခူးကာပန်ချင်သော်မှ
    ချွေရက်ကယ် မပြည့်မှီမို့
    နေတော်မူ ပင်ယံထက်မှာ
    အလှပျက်မှာ စိုးလို့ပါ………..
    ခံစားသွားရတယ်ကွယ်…ဒီအပိုဒ်ကို အကြိုက်ဆုံးပဲ..

  3. ကဗျာလေး က ကဗျာဆန်လိုက်တာ၊ လာဖတ်သွားတယ်နော်၊

  4. ကဗျာလေးက ကောင်းလိုက်တာဗျာ………၊ မြန်မာဆန်တယ်လို့ဘဲပြောရမလား…. အကြည့်ဖျား တချက်လေးဆက်ရုံနဲ့ စောင်းခတ်တဲ့လက်တို့လို ရင်ဝယ်အေးလို့ ချိုမြစွာ ကြားချင်ရဲ့ …..တဲ့လားဗျာ
    ကြိုက်တယ်ဗျာ အားပေးလျှက်ပါ

  5. ကဗျာလေးကောင်းတယ် ဗျို့ ..
    ”ဆန်းသမျှမသစ်လိုက်ပါနဲ့
    လှသလောက်သာ ယဉ်စမ်းကွယ်”
    ထိတယ်နော် စာသားလေးက

  6. တကယ့်ကဗျာအလှလေးကိုခံစားသွားပါတယ်။ကောင်းတယ်ဗျာ။

    လေးစားစွာဖြင့်
    ရဲဝင့်သူ

  7. ဆန်းသမျှမသစ်လိုက်ပါနဲ့
    လှသလောက်သာ ယဉ်စမ်းကွယ်
    အကြည့်ဖြား တချက်လေးဆတ်ရုံနဲ့
    စောင်းခတ်တဲ့လက်တို့လို
    ရင်ဝယ်အေးလို့ ချိုမြစွာကြားချင်ပါရဲ့
    ရွှေပြည်တော် ကျော်ကာမွှေး
    သတင်းလွေ့လွေ့ ကြားစေကွယ်…

    နုသောနွဲ့သော–ကဗျာလေးတွေသီ–
    အနုပညာမြည်—

  8. အလှတန်ခူးပေမို့
    နှစ်ကူးတဲ့ဒီချိန်ခါ
    ပျော်ကြစေတာ
    အပျော်မကျူးကြဖို့
    နှစ်ဦးမှာ
    သတိပေးလိုက်ပါရဲ့
    နှစ်သစ်ကို
    စိတ်သစ်နဲ့ ကြိုဆိုကြပါစို့

  9. ကဗျာလေးလာခံစားတယ်ဗျာ
    ခင်မင်မှုဖြင့်
    စိုင်းလောင်မိန်းသက်

  10. ကဗျာလေး အရမ်းကောင်းတယ်ဗျို့..

  11. ကဗျာလေး လာဖတ်သွားပါတယ်။ လှသလောက်သာ ယဉ်စမ်းကွယ်တဲ့။ ခေါင်းစဉ်လေးအစ မြန်မာဆန်တယ်။

  12. နှစ်သစ်မှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံပါစေဗျာ

  13. စကားလုံးလေးတွေလှတယ်။
    နောက်ဆုံးတစ်ကြောင်းမှာ တစ်မျိုးပဲ။

  14. အသစ် အသစ် အသစ်မျှော်နေပါတယ်

  15. နုရွလှပ လိုက်တာ အကိုရယ် .. ဖတ်ရတဲ့သူ စိတ်ဘ၀င်ကို အေးချမ်းစေတယ်ဗျာ

  16. မရောက်တာကြာပြီ.. ပျောက်နေတာကြာပြီ ( ကိုယ့်ကိုယ်ကိုပြောတာပါ)…
    ကျန်းမာတော်မူပါစရှင်..။ .com လေးနဲ့  မြင်ရတာ ၀မ်းမြောက်ပါဘိ..။

    ဒီကဗျာလေးဖတ်လာလိုက်တာ အဆုံးရောက်တော့ ပြုံးမိတယ်..။ ဘာလို့ လဲဆိုတော့ ယောက်ျားနဲ့  မိန်းမ မတူညီလိုက်ပုံများ အတွေးလေးပါ ခြားနားလိုက်တာလို့  တွေးမိလို့ ..။ ၂၀၀၇ ဒီဇင်ဘာတုန်းက လေးမ ရေးထားတဲ့ ကဗျာလေး အချိန်အားရင် ဖတ်ကြည့်ပါဦး..။ မိန်းမတွေကတော့ အဲလိုတွေးတယ်။။ http://www.layma-layma.co.cc/?p=20

Leave a Reply