နှစ်ကိုယ်တူအလွမ်း

ကြယ်စဉ်ခါးတွေလင်းလက်
အရိပ်မဲ့တဲ့ညမှာ
ပါးလျှတဲ့လတစ်စဉ်းရဲ့အပြုံးကိုငေး
အဝေးဆုံးကနင့်ဆီ
အလွမ်းတွေတေးသီရင်း
ညည့်ငှက်ကို မိတ်ဖွဲ့

လေညှင်းကိုလက်ဆက်လို့
မပျက်ကွက်တဲ့သတိရခြင်း
ငါ့နင့်ဆီအပ်နှင်းပါတယ်..

အဝေးဆုံးက အနီးဆုံး သူတွေအဖြစ်
ရင်ထဲမှာတမ်းတ လွမ်းမ၀တဲ့တို့တွေ
ဖြူစဉ်ခြင်းနဲ့အမြစ်တွယ် မပျက်ပျယ်သံစဉ်တေး
သံယောဇဉ်ရင်ငွေ့လေးနဲ့
တိမ်တွေပေါ်တံတားဆောက် သက်တန့်လမ်းလဲဖောက်ခဲ့မယ်…

…………..သွဏ်းသက်တံ့ (သနပ်ခါးမြေ)……….

Popularity: 7% [?]

2 Responses to “နှစ်ကိုယ်တူအလွမ်း”

  1. သံယောဇဉ်ရင်ငွေ့လေးနဲ့
    တိမ်တွေပေါ်တံတားဆောက် သက်တန့်လမ်းလဲဖောက်ခဲ့မယ်…

    အဲဒီ့အသုံးအနှုန်းလေးကို ကြိုက်တယ်. ပုံလေးကိုလည်း သဘောကျတယ်ဗျာ.

    ကလောင်နာမည်နဲ့ပါ လိုက်သွားတယ်

    :)

    ဆက်ရေးဦးဗျို့ အားပေးနေမယ်

  2. Comment ရေးပေးကြတဲ့ ကျွန်တော့်ရဲ့ ညီအကိုမောင်နှမတွေအားလုံးကို အင်မတန်မှကျေးဇူးတင်မိပါတယ်ဗျာ

Leave a Reply