အမေ့ ရင်ငွေ့သို့
အမေ… ညဥ့်နက်ပြီး အိပ်ပျက်ညတွေမှာ
အို…အေ ဆိုတဲ့ မေတ္တာတေးနှစ်ခွန်းနဲ့
အိပ်စက်ခဲ့တဲ့ ညတွေကို လွမ်းတယ်အမေ…
အမေ..မျက်ရည်တွေကြားက
လွမ်းရက်ကြုံ အမေ့သားအတွက်
အမေပါးခဲ့တဲ့ စာလွှာလေးကိုဖတ်
ရင်ညွန့်မှာ အသာကပ်ထားရင်း
ညဥ့်သန်းခေါင် အမှောင်စိုး
လေပြေတိုးလို့ နိုးတဲ့ညတွေမှာ
သားကိုသတိရလို့ ငိုနေတယ်လားအမေ
ကြာလာရင်နေသားကျ
မေ့တတ်တဲ့ သဘောသဘာဝတွေက
အမေနဲ့သားတွေကြားမှာ မရှိဘူးတဲ့လား
သားနဲ့ အမေ ဘယ်လောက်ဝေးပါစေ
အမေဆိုတဲ့ တရားရေက
နေရာဌာန ဘုံဘ၀တွေမခြားဘူး
ကြားသိဖို့နားမရှိရင်နေ
နှလုံးသားနဲ့သိ အားရှိနေတယ်အမေ..
အသွင်မပြောင်းတဲ့ အမေ့ရဲ့
မေတ္တာတန်ဆောင်းက
ယူဇနာထောင်သောင်းထိ ဖုန်းလွှမ်း
သားနားမှာ အမြဲတမ်းရှိနေဆဲပါ..
Popularity: 9% [?]









အကိုရေ …
စာအုပ်ထွက်ပြီဗျ ….
အကိုကဗျာလည်း အရမ်းကောင်းတယ် ….
ခေါင်းစဉ်တော့ ၂ ခုဖြစ်နေပြီအကိုရေ
ညဥ့်နက်ပြီး အိပ်ပျက်ညတွေမှာ
အို…အေ ဆိုတဲ့ မေတ္တာတေးနှစ်ခွန်းနဲ့
အိပ်စက်ခဲ့တဲ့ ညတွေကို လွမ်းတယ်အမေ…
ကောင်းလိုက်တဲ့ကဗျာလေး ဒီကဗျာ စာအုပ်ထဲမှာထည့်ထားတယ်လားးး ။
ကြာလာရင်နေသားကျ
မေ့တတ်တဲ့ သဘောသဘာဝတွေက
အမေနဲ့သားတွေကြားမှာ မရှိဘူးတဲ့လား
သားနဲ့ အမေ ဘယ်လောက်ဝေးပါစေ
အမေဆိုတဲ့ တရားရေက
နေရာဌာန ဘုံဘ၀တွေမခြားဘူး
ကြားသိဖို့နားမရှိရင်နေ
နှလုံးသားနဲ့သိ အားရှိနေတယ်အမေ..
အသွင်မပြောင်းတဲ့ အမေ့ရဲ့
မေတ္တာတန်ဆောင်းက
ယူဇနာထောင်သောင်းထိ ဖုန်းလွှမ်း
သားနားမှာ အမြဲတမ်းရှိနေဆဲပါ..
……………………………………….အရမ်းကောင်းတယ်အမေကဗျာလေးတွေဖက်တိုင်းအမေကိုသတိရလွန်းလို့
အကိုဆီအခုမှရောက်ပေမယ့်နောက့်နေတိုင်းလာလည်တော့မယ်..
ကျွန်တော်လဲကဗျာဝါသနာအိုးပဲ..
လာလည်လွန်းလို့မျက်စိမနောက်နဲ့နော်..
ဒီကဗျာလေးဖတ်မိမှာပဲ
တကယ်ပါပဲ…
အမေ့ပေးတဲ့စာလေးကိုဖတ်ရင်း
ကျနော်မျက်ရည်ကျမိတာကို
သတိရသွားမိတယ်…….
ဒီကဗျာလေးဖတ်ရင်း အမေကိုလွမ်းနေမယ့်သားနဲ့ သားကိုလွမ်းနေမည့် အမေကိုမြင်ယောင်ခံစားမိပါတယ် ….