အမေ့ကိုလွမ်းလို့

နှင်းငွေ့လွင်ပြင်နွေရင်ခွင်ထဲ
ခိုဝင်မှေးလျှက် နှင်းမှုန်စက်သို့
လွင့်ပျက်ပျောက်ပြယ် နွေရောက်ပြီအမေရယ်……….
နွေရောက်တဲ့အခါ ရွက်ဝါတစ်ချို့
ကြွေမလို့ဟန်ပြင်
မြေပြင်မှာတစ်ဝက် လေနှင်ရာကိုဦးတည်လျှက်နဲ့
ဘယ်ဆီကိုရောက် ပင်အိုခြောက်နှင့်
ဘယ်လောက်များဝေးသွားမလဲ
မတွေးရဲဘူး အမေရယ်……..
ကြွေမယ့်ရွက်ဝါ ကြွေဆဲရွက်ဝါ
လေထဲကရွက်ဝါတွေ တဖြောက်ဖြောက်ကြွေရင်း
ရွက်ခြောက်ကင်းကွာပင်အိုမှာတော့
ရွက်ဝါနတ္တိ ဘာမှမရှိတော့ပါဘူးလေ….
နွေရဲ့သဘာဝ တွေ့မြင်ရပြန်တော့
လှပညီညာ သားနားစွာပန်းချီကားတစ်ချပ်
ပီပြင်သပ်ရပ်လွန်းပါတယ် အမေ………
နွေပန်းချီကား သားနားပီပြင်
အသိရင်မှာ အမြင်ကွာခြား
မျက်ရည်များဝေ့ အမေ့ကိုလွမ်း
ရွာကိုမှန်းရင်း
တမ်းတမရွှင် စိတ်အစဉ်ကြောင့်
………..အမေရယ်……….
လှပညီညာတဲ့ သဘာဝပန်းချီကားတစ်ချပ်
သားမျက်ရည်များနဲ့ ဆေးသားတွေပျက်ခဲ့လို့
လွမ်းရက်ကြုံအမေ့သားကို
ခွင့်လွှတ်နီုင်ပါ့မလား
မတွေးအားဘူး အမေ..
မွေးရပ်မြေကိုမှန်း အမြဲတမ်းတ
အမေ့ကိုလွမ်းနေရလို့ပါ…..
Popularity: 7% [?]









I miss my mom too
Great poem.
အမေ့ကိုပိုလွမ်းသွားတယ်ဗျာ