လွမ်းညရက်ရှည် အမေရေ


အမေ…. ဘယ်ပြုဘူးကံ အကြောင်းတွေရယ်နဲ့
အမေနဲ့သားစည်းခြား အဝေးကြီးခွဲထားရတာလဲ..

အမေ့ကိုလွမ်းတဲ့စိတ်နဲ့ ယိုဖိတ်ခဲ့ရတဲ့မျက်ရေတွေ

မနည်းလှဘူးအမေရယ်..

တစ်ခါတစ်ခါတစ်ယောက်တည်းကြိတ်
တိတ်တိတ်လေးရယ်ပါ…..

အခါတစ်ရာမကတော့ပါဘူး အမေရယ်
တွေးလိုက်တိုင်း အမြင်တွေဝိုးတ၀ါး

မျက်ရေတွေ ခြားခြားနေခဲ့တယ်…..

ငယ်စဉ်ကကျောင်းပြန်လို့
အမေ့ကို မတွေ့ခဲ့ရင်တောင်မှ
ဝမ်းနည်းတတ်ခဲ့သူပါ..
အော်..ခုများတော့ဖြင့် အမေ့ရင်ခွင်မဆိုထား

ရွှေပြည်တော်တောင် စည်းခြားသွားခဲ့ပြီ…

ရွှေပြည်တော် ပြန်ဖို့အရေး ခပ်ရေးရေးတွေးဘယ်မမြင်
ဆွေးတယ်ရင် တကိုယ်တည်းမို့

ဘ၀ကကြမ်း လွမ်းရတာလည်းပင်ပန်းလှပါတယ်..

သားနဲ့အမေရှင်လျှက် ဒီတစ်သက်လုံးများကွဲနေမလားဟင်

အမေ့ကိုလွမ်းတဲ့စိတ်တွေ တစ်စစီစု
အမေများရဲ့အဝေးဆုံးသားတွေနဲ့ ထပ်တူပြုလို့
ဆုထူးတစ်ခုတောင်းတ ၀သုန်မြေစောင်းမှ ကြားစေသား…………

Popularity: 9% [?]

One Response to “လွမ်းညရက်ရှည် အမေရေ”

  1. အမေ့ကို လွမ်းတဲ့အကြောင်း ဖွဲ့တဲ့ကဗျာကောင်းတွေထဲမှာ ဒီကဗျာလည်း ပါသွားပြီဗျာ….
    ကောင်းတယ်……

Leave a Reply