နှင်းနုဖြန်းတဲ့ အလွမ်းစကား

သဇင်တို့ နှင်းသစ်ရင်
ယွင်းပစ်တဲ့မိုးတို့က အစိုးမရ
ကန့်ကော်နဲ့ မိုးညတို့..
လွင့်စပြုပြီလေ….

မေးရိုက်လို့ အေးခိုက်နေမှ
ဝေးလိုက်တဲ့နေ့တို့က
ပိုလွမ်းစရာကောင်းနေတယ်..

အိုဟောင်းနေတာတွေ တစစီစု
သူ့ပါးပြင်မျက်ရည်နုတို့
ဆောင်းနှင်းနဲ့ အစပြုနေတယ်တဲ့လေ…

စကားမကြုံ လူမပါးပေမယ့်
အလွမ်းခြင်းဆုံတဲ့ နှင်းစက်တွေ
ငါ့ကိုဆက်ဆက်မှာကြားခဲ့လေရဲ့…

ရင်ခွင်တည့်တည့်မှာ
အပြင်မှာအေးစေတဲ့ မြောက်ပြန်လေက
ဟိုကိုဝင်ဒီကိုထွက်
ဖောက်ပြန်နေလေရဲ့ကွယ်

နောက်ပြန်လှည့်ကြည့်တိုင်း
အလွမ်းတို့ရစ်ဆိုင်းလို့
မှိုင်းမှုံဝေရှစ်တိုင်းမှာ
နှင်းနုတို့ တလွှာခြင်းချွေချ
နေရတာခက်လိုက်တာ…

Popularity: 8% [?]

10 Responses to “နှင်းနုဖြန်းတဲ့ အလွမ်းစကား”

  1. လွမ်းဖို့ အကြောင်းတွေရှိနေလေတော့ လဲ…………..လွမ်းနေလိုက်အုန်းပေါ့ ။

  2. ကောင်းတယ်ဗျာ ကဗျာလေး ကြိုက်တယ် နုဖတ်နေတာပဲ ။
    သူ့ပါးပြင်မျက်ရည်နုတို့
    ဆောင်းနှင်းနဲ့ အစပြုနေတယ်တဲ့လေ…။
    ဂွတ်ထ ဂွတ်ထ ။ အားပေးလျက်ပါ။ :)

  3. လေးမ လည်း အဲလို နှင်းတွေ နဲ့ လွမ်းချင်တာ… ဒါပေမယ့် ဒီမှာ နှင်းက ယောင်လို့ တောင် ကျမလာဘူး…။

  4. အကိုရေ .. လွမ်းနေပြီလား …
    ခေါင်းစဉ် လေးကို အခိုက်ဆုံးပဲ …
    နု နေတာပဲ

  5. ” နောက်ပြန်လှည့်ကြည့်တိုင်း
    အလွမ်းတို့ရစ်ဆိုင်းလို့
    မှိုင်းမှုံဝေရှစ်တိုင်းမှာ
    နှင်းနုတို့ တလွှာခြင်းချွေချ
    နေရတာခက်လိုက်တာ…”

    ဆောင်းကို ပုံဖော်သွားတတ်လိုက်တာ အကို ။ မြင်ရတဲ့ မြင်ကွင်းက လူကို ပိုလွမ်းနေစေ သလိုပဲ ။ နှင်းတောထဲမှာ သာ အတူတူ ရှိခဲ့ဘူးရင် အဲဒီအတိတ်က မေ့ဖို့ခက် လောက်ရဲ့နော် ။

  6. “နေရောင်ပြ အလွမ်း”

    စကားမကြုံ လူမပါးပေမယ့်
    အလွမ်းခြင်းဆုံတဲ့ နှင်းစက်တွေ
    အလွမ်းတို့ရစ်ဆိုင်းလို့
    မှိုင်းမှုံဝေရှစ်တိုင်းမှာ
    နှင်းနုတို့ တလွှာခြင်းချွေချ
    နေရတာခက်လိုက်တာ…။

    ““စာကိုး — နှင်းနုဖြန်းတဲ့ အလွမ်းစကား။

  7. မထူးတော့ပါဘူး..ဒါကိုပါ..ဆက်ကွန့်မယ်..ကဲ…
    ဟင်းးးးးးးးး…
    သူ့ဟာသူ…ကဗျာရေးကောင်းတိုင်း…..
    ဒီမှာ…နှင်းလဲ…မရှိဘဲနဲ့…နှင်းလဲမနေရ…
    မိုးတွေဆက်တိုက်ရွာလို့…လမင်းကြီးမမြင်ရလဲ…လမင်းလဲမနေရ…
    မြောက်ပြန်လေလဲ..မရှိတဲ့…နေရာ….
    ဒီလောက်ပူတဲ့နေရာ…မေးရိုက်လို့အေးခိုက်နေတာကပါသေးးးးးးးးး
    သူ့ဟာသူလွမ်းတိုင်း…
    အဲတော့…လွမ်းတယ်ဆိုတာလဲ…
    သွား..မယုံလေနဲ့နော်

  8. လာလည်ပါတယ်

  9. နေရတာ ခက်လိုက်တာ ။ဘာဖြစ်လို့ လဲ ဆိုတော့ ရန်ကုန် မှာ ဆောင်း
    ပျောက်ပြီး မိုးတွေချည်း ပဲ နေ့ တိုင်း ရွာနေတာလေ ။ဘာမိုးလဲသိလား။ rsuf&nfမိုး။

  10. အဟုတ်ပဲဗျာ..ကျွန်တော်လည်း မေးရိုက်လို့ အေးခိုက်နေမှ ဝေးလိုက်တဲ့နေ့တို့က ပိုလွမ်းစရာကောင်းနေတယ်..ဗျို့..

Leave a Reply