မန္တလေးဆောင်းညများဆီက ကျောင်းသားဘဝ
သရက်ဖူးနံ့လေးတွေနဲ့
ဆောင်းအလူး နွေအကြားက
တပေါင်းကူးမယ့်မန္တလေးညများရေ….
မြူမှုန်တွေကြားထဲမှာ
အသဲခိုက်အောင်အေးတဲ့
ဆောင်းညတွေရယ်..
ဂစ်တာသံတွေကြားက အဆောင်ညများရယ်
ငါသိပ်ကို လွမ်းမိတယ်..
ဗေလုဝနတ်စောင်းမဟုတ်ပေမယ့်
ဂစ်တာသံ တေးဟောင်းတွေကြားက
ငါတို့တွေရဲ့ အလွမ်းပေါင်းချုပ်ကို ဖွဲ့တည်ဆစ်ရရင်
ဒီဘ၀နဲ့တောင် ပြီးမယ်မထင်….
ရော်ဘင်ဟုကျောင်းလို့တင်စားတဲ့
ကျောက်ဆောင်တောင်တန်းတွေကြားက
တောပုန်းကြီး MTU ဆီက မျက်စေ့သူငယ် နားသူငယ်တွေရယ်
73 လမ်းတစ်လျှောက်က ပါဝါတွေတိုးပြီ စာဂျပိုးတို့ရဲ့
ငှက်ဆိုးထိုးသံတွေရယ် ငါလွမ်းတယ်……
(တိုက်ဆိုင်သူများ စိတ်မဆိုးကြေး
)
ဟိုးအဝေးက အောင်ကျော်ရေ
အဆောင်ရှေ့မှာ ပဲပေါင်းစုံခပြီး
မင်းစားဖို့ အကြော်တွေလာလာပို့တဲ့
မင်းအမကြီးကိုလည်း လွမ်းတယ်…
(ဟင်းဝယ်မစားရလို့…
)
လူမှားပြီး နောက်ကနေ လက်အဆွဲ
မဟုတ်မှန်းသိမှ ခပ်ရဲရဲပြေးထွက်သွားတဲ့
ပါးကလေးတစ်စုံရယ်..
ညဥ့်ရောင်မပီမသနဲ့ ဂစ်တာသံတွေကြားမှာ
မမြင်ရမှ ပိုပိုလှတဲ့.. ပျိုပျိုမေတို့နဲ့ ညတွေကိုလည်း လွမ်းတယ်..
(ညိုပြာမဲများသို့)
နှင်းတွေတဖွဲဖွဲကျ ဂီတက တဖြိုင်ဖြိုင်နဲ့
အဆောင်သူတွေရဲ့ မြိုင်မြိုင်ဆိုင်ဆိုင်
လက်ဘက်သုတ်တွေကိုလည်း လွမ်းတယ်..
လက်ဘက်ရည်ဖိုးတွေ ခဏခဏတောင်းပြီး
ငါရေးပေးဖူးတဲ့ ရည်းစားစာ အဟောင်းလေးတွေရယ်..
ရည်းစားတွေ မထားခဲ့ပေမယ့်
ငါလိုက်ပေးခဲ့တဲ့ စုံတွဲတွေရယ်..
ငါမပိုးဘူးပေမယ့် ငါခိုးပေးဖူးတဲ့
ဇနီးမောင်နှံတွေရဲ့ ညတွေကိုလည်း လွမ်းတယ်…
(ကျေးဇူးကန်းများသို့…)
မျက်နှာဝိုင်းလေးနဲ့ ယဉ်သလိုဟန်ရှိပေမယ့်
စကားလုံးတွေ ခလုတ်တိုက်အောင် ပြောတဲ့
ရှပ်ပြာရှပ်ပြာ ဆရာမလေးကိုလည်း လွမ်းတယ်..
(ပိုက်ဆံချေးလို့..)
အနားကို ခေါ်ခေါ်ဆူပြီး
ပေါ်တော်မူလို့နာမည်ဖျက်တဲ့
မော်ကွန်းထိန်းကိုတော့ မုန်းတယ်…
(ရင်းနှီးမှုကို အခွင့်ရေးယူပြီး ခေါ်ခေါ်ခိုင်းလို့)
<–>
Popularity: 12% [?]









လန်းတယ်ဗျာ. အဲဒီမြင်ကွင်း၊ အတွေ့အကြုံတွေကို ငယ်ငယ်ကတည်းက စာအုပ်တွေထဲမှာ အကြိမ်တွေ အများကြီး ဖတ်ဖူး၊ မြင်ဖူးလာတော့ ကိုယ်တွေ့မကြုံဖူးပေမယ့် စာတွေ၊ ကဗျာတွေ ဖတ်လိုက်ရတိုင်း ကိုယ်တိုင်ကြုံ လိုက်ရသလိုပဲ.
ကျွန်တော့် အတွက်တော့ ဒီလိုစပ်ရင် ပိုအဆင်ပြေမယ်.
“မြူမှုန်တွေကြားထဲမှာ
အသဲခိုက်အောင်အေးတဲ့
ဆောင်းညတွေရယ်..
ဝီစီသံတွေကြားက အဆောင်ညများရယ်
ငါသိပ်ကို လွမ်းမိတယ်..”
ကဗျာက ကောင်းလှကြီလားဗျ MTU ကျောင်းသွားတိုက်လိုက်ရတဲ့ ကျောင်းသားတစ်ယောက်လို ခံစားလိုက်ရတဲ့။ အော်…အစ်ကိုကြီးလည်း အင်ဂျင်နီယာကြီးကို ညီ့ အိမ်ဆောက်ရင် အပ်မယ်နော့် လှလှလေးဆောက်ပေး ပိုက်ဆံမယူနဲ့ အလကားနော့်
အဇ္ဈတ္တပြခန်း>>> ကိုမှော်ရေ… ၀ီစီသံတွေကြားက အိပ်ရေးပျက်ပြီး တန်းစီရတာတွေရောပါဘူးလားဗျ… အားပေးသွားတာ ကျေးဇူးပါဗျာ..
အဇ္ဈတ္တပြခန်း>>> မောင်မျိုးလေးရေ… MTU ကျောင်းကမဟုတ်ဘူးဟ… အဲဒီနေရာက တောပုန်းကြီးတွေဆီ လက်ဘက်ရည်သွားသောက်တာ. တောပုန်းသူတွေရဲ့ နေပူထဲက အလှကို သွားခံစားတာ.. ခဏခဏ ကျောင်းပြေးရာနေရာပေါ့… အိမ်ကတော့ ဆောက်တတ်တယ်နော်.. ဘာအိမ်လိုချင်လဲသာပြောလိုက်.. ဆောက်လုပ်ရေးကို ညွှန်းလိုက်မယ်.. ဟားဟား .. အားပေးသွားတာ ကျေးဇူးညီရေ..
အကိုရေ .. ကဗျာအရသာကတော့ကောင်းဗျာ …
ဒါပေမဲ့ အဲလို တက္ကသိုလ်တွေရဲ့အရသာကို မခံစားဖူးတာ ခက်တယ် …
မော်ကွန်းထိန်းကျတော့မုန်းသတဲ့…
လွမ်းတဲ့အထဲသူမပါဘူးလား..ကြည့််ရတာအမျိုးသားမော်ကွန်းထိန်းဖြစ်ရမယ်…
အော်ဒါပါတယ်….ရီးစားစာ ၁၀ စောင်လောက်…ရေးပေးပါတဲ့…
ဟုတ်တယ် ကေအမ်အန် ပြောသလိုပဲ မော်ကွန်းထိန်းကြီးကိုမုန်းတယ်တဲ့ မတရားဘူး ချစ်ဖို့ကောင်းပါတယ်. ရေးထားတာအရမ်းကောင်းပါတယ်.
အဲဒီလို ဘဝလေးရဖူးချင်လိုက်တာ။ ပျော်ရွှင် လွတ်လပ် ပေါ့ပါး…..
မရဖူးပေမယ့် ကဗျာဖတ်ပြီး မျက်စိထဲမြင်သွားတယ်…..
မန်းလေး အဆောင်နေခဲ့တဲ့ ဘ၀ကို လွမ်းသွားတယ်ဗျ.
တိုက်ဆိုင်သူများ စိတ်မဆိုးကြေးလို့ ပဲ ရေးထားတာနော်..။ တိုက်ဆိုင်သူ မလွမ်းကြေးလို့ မပါတော့ လွမ်းပစ်လိုက်တယ်…။ သမီးတို့  တောထဲက ခြောက်တီးခြောက်ချက် ဂစ်တာသံတွေကို လွမ်းတယ်…။
Hello,
not bad…
Thank you
Elcoj
Hello,
Onload of page my antivirus put alert, check pls.
Thank you
Eremeeff
Hi,
Thanks for article. Everytime like to read you.
Thanks
SonyaSunny