ပန်းတပတ်နွမ်းနှင့်လွမ်းရှာသူ


ပန်းတစ်ပွင့်ဝေပွင့်တော့
သူပြိုင်ဆိုင်ငါအဦးအပြိုင်ခူးမယ်ပေါ့…


နုဖတ်တဲ့ပွင့်လွှာတွေ
သူမညှာတာနမ်းရှိုက်ကာမွှေးစမ်း

အလှပန်းကြွေစေ ဘ၀အပန်းပြေစေ…

ကြူကာမွှေးကာအားရ လူဘေးမှာခါချ
မသာယာလှတဲ့ဒီပန်းကလေး

စမ်းကလေးမှာမျော

တိုက်ချီတစ်ခါ တန့်ချီတလှည့်
ဆိုက်မည်မှဘယ်ဆီကွယ့်…

သူတစ်ယောက်က စမ်းကိုရောက်
ပန်းကိုကောက်တော့

ပန်းတပါတ်နွမ်းက ယဲ့ယဲ့လေးနဲ့လှလိုက်တာ…

မြတ်နိုးတွယ်ရစ် ပန်းချစ်သူအတွက်တော့
ပန်းတပါတ်နွမ်းက ပန်းမြတ်တစ်ပါးပါပဲ…

ထိုစဉ်အခိုက်ပန်းမကိုဋ်ကို
အစဦးက ရစ်မူးခဲ့တဲ့
ပန်းခြွေသူတစ်ဦးက
ဒီကြွေကျပန်းသူပန်းတဲ့လေ……..

အပ်ပါလေသည် ပန်းရဲ့ပိုင်ရှင် သူ့သခင်သို့
မြင်လျှင်စို့မည် ရွှေမျက်ရည်သိမ်းဆည်း
အပ်နှင်းချင်သည်………

တမ်းတတစ်ပွင့်ပန်းကြောင့်
လွမ်းရသူရင်မှာတော့
မဖော်နိုင်ကြိတ်ဝေဒနာနဲ့
တိတ်တိတ်သာပြန်ခဲ့ပေမယ့်

အော် ပန်းတပတ်နွမ်းရယ် လွမ်းရက်တွေက ရှည်မည်ထင်…..

………………..သွဏ်းသက်တံ့ (သနပ်ခါးမြေ)………………..

Popularity: 7% [?]

Leave a Reply