ရင်မှဖြစ်တည်သော………

လရောင်တစ်ချက်နမ်းမှ
ကုမုဒြာ ပန်းဖြစ်တယ်ဆိုရင်
ချစ်သူရဲ့ပုခုံးနုထွေးကို တစ်ချက်မွှေးရင်
တစ်သက်မဝေးရဘူးထင်ရဲ့….
တူနှစ်ကိုယ် ဆုံမယ့် အနာဂတ်အိပ်မက်အတွေး
တကယ်မဝေးပါဘူး…
စိတ်ကူးထဲ ရူးသမျှပြောရရင်
ချစ်သူကို ရင်ခွင်မှာထားလို့
လရောင်ဖြာညများမှာ
ကဗျာရွတ်သံတွေ ကြားစေချင်တယ်…
လေပြေသိမ့်လို့ အေးစိမ့်ညများမှာ
ချစ်သူပခုံးသိုင်းတဲ့လက်များက နွေး
ထွေးပွေ့တဲ့ အိပ်မက်များမှာ
ပန်းခတ်သံနဲ့ ကြားလေသွေးရင်
တိုးပွေ့လို့ထားချင်တယ်….
အခိုးငွေ့ဆိုတာ ပြယ်ပေမယ့်
မေတ္တာရနံ့တို့က မပြယ်
ဘယ်လေပွေထိုးမွှေနှောက်ဦးတော့
တိုးမပေါက်တဲ့ချစ်ခြင်း
အပြစ်ကင်းစွာရှိနေမယ်…
Popularity: 12% [?]









လရောင်တစ်ချက်နမ်းမှ
ကုမုဒြာ ပန်းဖြစ်တယ်ဆိုရင်
ချစ်သူရဲ့ပုခုံးနုထွေးကို တစ်ချက်မွှေးရင်
တစ်သက်မဝေးရဘူးထင်ရဲ့….
ကဗျာကို အထပ်ထပ် ပြန်ဖတ်တယ်–ဖတ်ရင်းနက်နက်ရှိုင်းရှိုင်း ခံစားရတယ်–
တပုဒ်လုံးကောင်းနေတာပါပဲ—ချစ်သူရဲ့ပုခုံးနုထွေးကို တစ်ချက်မွှေးရင်
တစ်သက်မဝေးရဘူးထင်ရဲ့….ဆိုတဲ့စာသားလေးကတော့–ကဗျာဆရာချစ်သူဖတ်မိရင်
ရင်တွေခုန်နေလောက်ပါရဲ့—
အစ်ကိုရေ့ ဒီကဗျာလေးဖတ်ပြီး ရင်ထဲ လှိုက်ခဲနဲဖြစ်ကြည်နူးသွားတယ်
စိတ်ကူးထဲ ရူးသမျှပြောရရင်
ချစ်သူကို ရင်ခွင်မှာထားလို့
လရောင်ဖြာညများမှာ
ကဗျာရွတ်သံတွေ ကြားစေချင်တယ်…
အကိုရေ အဲဒီ စိတ်ကူးလေး အငှားသုံးချင်တယ်။ တကယ်ကို အဲလိုလေး ချစ်ရသူနဲ့ ကြည်ကြည်နူးနူး နေချင်လိုက်တာ ။
ကောင်းလိုက်တဲ့ကဗျာပါအကိုရေ .. အနှစ်ပဲ .. ဒါမျိုးလေးတွေရေးတော့ကြည်နူးစရာပဲဗျို့ .. အကိုလက်စွမ်းကိုတော့ ယုံပြီးသားပါ
လရောင်တစ်ချက်နမ်းမှ
ကုမုဒြာ ပန်းဖြစ်တယ်ဆိုရင်
ချစ်သူရဲ့ပုခုံးနုထွေးကို တစ်ချက်မွှေးရင်
တစ်သက်မဝေးရဘူးထင်ရဲ့….
ကုမုဒြာ လရောင်ဖြာမှ
သူ ပွင့်လန်း
အမြဲ လရောင်ဖြာနေနိုင်ပါစေနော်……
ဆရာမျိုးရေ စာသားတိုင်းက ဆွဲဆောင်တယ်။ ဖတ်လိုက်တိုင်းလည်း ကြည်နူးစေတယ်ကိုး.. ဒါချစ်ခြင်းဖွဲ့ ကဗျာတစ်ပုဒ်ပါ။
အဲဒါပါပဲဗျာ အချစ်ဆိုတာ…
နူးညံ့သိမ်မွေ့ခြင်းတွေနဲ့
ခေတ်အဆက်ဆက် သမိုင်းတွေဖြစ်ထွန်းစေခဲ့တာပေါ့
ကောင်းလိုက်တဲ့ကဗျာလေး ဆက်လုပ်ဗျို့
အရမ်းသိမ်မွေ့တဲ့ အချစ်ကဗျာလေးပါပဲ… ဘယ်မှ မရောက်တာကြာပြီးမှ အခုလိုကဗျာကောင်းတစ်ပုဒ် ဖတ်ရတာ စိတ်ထဲမှာ ကျေနပ်သွားတာပါပဲ… ကျေးဇူးတင်ပါတယ်း)
အကို ဖတ်ပြီးပြီ
ယသော်ဓရာ တမ်းချင်း မတွေ့ တော့လို့ ။ ဘယ်ရောက်သွားတာလဲ။ အနှစ်သက်ဆုံးကဗျာ အနေနဲ့  ဖော်ပြချင်လို့ ပါ..။ရနိုင်မလားရှင့်။
အကောင်းဆုံးထဲက အကောင်းဆုံးပါပဲဗျာ။ အချစ်ဆိုတာ ဒီကဗျာမှာ ပျော်ရွှင်မှုတွေ ပေးနေသလိုပါပဲလား။
ရှယ်ပဲဗျာ. တစ်အားကို နူးညံ့တယ်ဗျို့..
အခိုးငွေ့ဆိုတာ ပြယ်ပေမယ့်
မေတ္တာရနံ့တို့က မပြယ်
ဘယ်လေပွေထိုးမွှေနှောက်ဦးတော့
တိုးမပေါက်တဲ့ချစ်ခြင်း
အပြစ်ကင်းစွာရှိနေမယ်…
မိုက်တယ်ကိုမျိုးညဏ်ရေ..
ကဗျာလေးကိုလာခံစားသွားတယ်နော်..
မြန်မာကဗျာရဲ့ နူးညံ့ သိမ်မွေ့ လှပမှု နဲ့ ချစ်ခြင်း မေတ္တာရဲ့ နူးညံ့သိမ်မွေ့ လှပ မှုကို
တပြိုင်တည်း ခံစားလိုက်ရတယ်။ မော်ဒန် ခေတ်ရဲ့ အင်တာနက်စာ မျက်နှာပေါ် မှာ အသံသာ လှတဲ့ မြန်မာ
ဝေါဟာ ရတွေကို ကဗျာလေးတွေ အဖြစ် မကြာခဏ ဖတ်ခွင့် ရနေတာကို ကဗျာချစ်သူ မြန်မာတစ်ယောက် အနေနဲ့
ု အင်မတန် ကျေးဇူးတင်မိပါတယ် ………….
့
နမ်းစရာရှားလို့ ချစ်သူပခုံးမှ နမ်းစရာလားဗျာ ဟီ နောက်တာပါနော်
ကဗျာလေးက နူးညံ့လိုက်တာ … အဲ့အချိန်က ချစ်သူကတော့ ကြည်နူးရင်ခုန်နေမှာ မြေကြီးလက်ခတ်မလွဲလောက်ဘူးနော် ….း)