ဘယ်သို့ဘယ်ပုံ ဖြေပါ့မည်…

တိမ်ယံဘုံမြှင့်
ခုနှစ်ဆင့်မှာ
ချစ်သူ့ပန်းချီ
ဆေးစက်သီကာ
လွမ်းဘွဲ့ညီစွာ ရေးမိပါလဲ
ဆေးစက်မညီ ပန်းချီမဖြစ်
ရေးခြစ်တိုင်းသာ ဖြစ်ရပါမူ
အလွမ်းရင်ဝယ် ဆူရော့မည်…

ဂီတ ကျူးရင့် သီချင်းဖြစ်စေ
နုရွလက်ခတ် စုထပ်ပုံသွင်း
ချစ်ခြင်းကိုဖွဲ့ သံဇဉ်ထဲ့လည်း
သံဇဉ်မပီ စာမညီလို့
အလွမ်း ဘယ်ပုံဖြေပါ့မည်…

မိုးယံမလင်း လမင်းမသာ
နှင်းမွေ့ယာထဲ တကိုယ်တည်းမို့
ဆောင်းညသန်းခေါင်
အလွမ်းမှောင်သည်
ညဥ့်ယံဘယ်သို့ အိပ်ပါ့မည်……

Popularity: 11% [?]

16 Responses to “ဘယ်သို့ဘယ်ပုံ ဖြေပါ့မည်…”

  1. အိမ်မှာပဲ အိပ်ပါအကိုရယ် .. ဟတ်ဟတ် .. စတာ .. စိတ်ညစ်နေလို့ ..
    နယူးရီးယားကလည်း ပျင်းစရာကြီး … ကဗျာကတော့ ပြောစရာမလိုတော့ပါဘူး အကိုရယ် ..
    ကောင်းပြီးသားပဲ

  2. ဆောင်းညမှ အလွမ်းတွေက မှောင်နေတာလားး မယုံပါဘူး အစ်ကိုပြောတော့ ညီလေးလည်း ကစ် အစ်ကိုလည်း ကစ်မယ်ဆို(ဘီယာ) ဟဟား ဖွလိုက်ပြီးး :P

  3. အိမ်မှာပဲအိပ်ပါလားအကိုရယ်။ မှောင်နေတာလားအကို။ ဒါဆိုရင်အတော်ပဲဗျာ။ အမှောင်ထဲမှာ ဘီယာတစ်ဖာလောက်ထောင်ပြီး အကိုနဲ့ညီ ကစ်လိုက်ရအောင်လားဗျာ။ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့လေဗျာအကို။ လာလည်သွားတယ်အကိုရေ။ နှစ်သစ်မှာပျော်ရွှင်ပါစေဗျာအကို။

  4. နှင်းတောထဲမှာ ဘယ်လိုလုပ်အိပ်မလည်းအစ်ကိုရဲ့
    အိမ်က အိပ်ရာထဲမှာပဲ အေးအေးဆေးဆေး ကွေးနေပေါ့…. ဟုတ်တယ်ဟုတ်…..

  5. စောင်လေးခြုံအိပ်မှာပေါ့။

  6. သူများတွေကြတော့လည်း… ချစ်သူအတွက် ကဗျာတွေ သီကုန်းတာ လှတယ်ဗျာ.. အကိုရေ.. အဲလို နူးနူးညံ့ညံ့လှလှလေး ရေးတတ်ချင်တယ်.. သင်ပေးပါ..

  7. ဘယ်သို့  အိပ်ရမလဲဆိုတော့ ဖက်လုံးလေးဖက်.. စောင်လေးခြုံပြီး အိပ်ပါ ..။ ဒီကဗျာဆရာ.. ကို … ကိုလွမ်းပို လို့  ပဲ ခေါ်တော့မယ်..။

  8. ကဗျာလေးကောင်းတယ်ဗျာ..နူးညံ့တယ်..

    မိုးကြယ်

  9. ကဗျာလေးက နုဖတ်နေလို့ မထိရက်မကိုင်ရက် ဖတ်သွားရတယ်… စကားလုံးသုံးတာလေးတွေ တအားသဘောကျတယ်.. မြန်မာကဗျာမို့လို့.. ပိုကြိုက်တယ်.. :)

  10. ကဗျာဆရာရေ—-
    နေမကောင်းတာကြာပြီ—
    အခုမှ လာလည်နိုင်တယ်—
    နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ—

  11. ဆေးစက်မညီ ပန်းချီမဖြစ်…
    သံစဉ်မပီ စာမညီ….အင်းးးးး
    ဒါဆိုရင်သိဘို့ကောင်းပြီလေ…

    မွေ့ယာထဲ တယောက်ထဲအိပ်..ပိုတောင်ချောင်သေး..
    ဟော..အမှောင်ထဲအိပ်တော့..
    ကောင်းကောင်းအိပ်ပျော်တာပေါ့လို့…
    ဒါများ……..
    ဘယ်လိုမှဖြေမနေနဲ့…

  12. အဇ္ဈတ္တပြခန်း>>>.. ဖြိုးငယ်ရေ နှစ်ကူးက အဲလိုဖြစ်နေကျမို့ အထူးပြောစရာမလိုပါဘူးကွာ.. :)

    အဇ္ဈတ္တပြခန်း>>> ကြောင်လေးရေ ဘီယာကိုမူးချိန်မရပါဘူးညီရယ.်…. အလိုလိုမူးနေလို့ ဟဲဟဲ….

    အဇ္ဈတ္တပြခန်း>>> ကိုကိုလေးရေ.. ဘီယာတစ်ဖာက ငါ့ညီနဲ့တောင်လောက်မယ်မထင်ဘး ဟုတ်စ..

    အဇ္ဈတ္တပြခန်း>>> ဝေလေး .. နှင်းတောထဲမှာကို အိပ်တော့မယ်.. ခြေထောက်တွေသယ်နိုင်တော့ဘူး…… :D

    အဇ္ဈတ္တပြခန်း>>> KOM ကြီး… စောင်က သူယူသွားတယ်ဗျ.. :P

    အဇ္ဈတ္တပြခန်း>>> ကိုမိုးညိုလည်း ခံစားပြီး ရေးဖွဲ့မယ်ဆိုရင် ဖြစ်နိုင်ပါတယ်ဗျာ..

    အဇ္ဈတ္တပြခန်း>>> မလေးမရေ ကျနော်အဖြစ်က အမြဲဝေးနေတော့ အမြဲလွမ်းနေရတယ်ဗျ.. ပိုတော့မပိုသေးဘူး.. လိုတာထပ်ဖြေ့ဦးမယ်.. :) :)

    အဇ္ဈတ္တပြခန်း>>> မိုးကြယ်ရေ.. အားပေးသွားတာ ကျေးဇူးပါဗျာ..

    အဇ္ဈတ္တပြခန်း>>> နေ့အိပ်မက်တဲ့လား ဆိုက်လေးက လှတယ်ဗျာ.. အားတက်သွားတယ်ဗျာ.. ဆက်ကြိုးစားဦးမယ်…

    အဇ္ဈတ္တပြခန်း>>>မသက်ဇင်ရေ.. ကျန်းမာရေးမကောင်းဘူးလား.. ဂရုစိုက်ဗျာ.. ကျန်းမာမှလေ..နော်.. ရွှင်ရွှင်လန်းလန်းနဲ့ အမြန်ဆုံးနေကောင်ပါစေဗျာ…ဆုတောင်းပေးပါတယ်..

    အဇ္ဈတ္တပြခန်း>>> အမ KMN ရေ. ဖြေစရာမရှိတော့ ဖြေစရာရှာရတယ်ဗျ.. အိပ်မရလို့ခက်တာ… အခုတော့ ပျော်အောင်အိပ်နေပါတယ်…

  13. ဒါများလွယ်လွယ်လေး ပန်းချီကာ တခပ်ဝယ်လိုက်ပေါ့ဗျာ

  14. ဒါများလွယ်လွယ်လေး ပန်းချီကား တချပ်ဝယ်လိုက်ပေါ့ဗျာ ဟိဟိ
    ကဗျာကောင်း၏

  15. သြော် အကိုရယ်.. အိပ်ဆေးသောက် အိပ်ပေါ့ :P

  16. ဒီလို ကဗျာတွေ များများရေးပေါ့ :P

Leave a Reply