အဇ္ဈတ္တရဲ့ တေး

အလင်္ကာ ပန်းကျွန်းက
တစ်လွှာချင်း သီမယ့်
အဇ္ဈတ္တရဲ့ မုတသံဇဉ်
သမုဒယဟန် အသွင်ဖွဲရင်း
ရသသွင်းမယ့် ငါ့ကမ္ဘာမှာ
ဓါးကဗျာ၊ စာအသွားနဲ့
နားမပါ ရင်ခံစားစေ
နှလုံးသဲထိ ထိုးဖောက်
အရိုးထိအောင် ရောက်စေ..
ဝေဒနာမြူမှုန်ကင်း
ရင်ဝယ်ရှင်းလို့ အေးငြိမ့်စေ…

ထိုးခုတ်လွယ်ဖြတ် ပန်းခတ်လက်နဲ့
ကဗျာကိုမှုန်း စာသီကုံးမယ်
ပန်းပြုံးဝေလို့ မွှေးစေသား….
jpg

Popularity: 45% [?]

12 Responses to “အဇ္ဈတ္တရဲ့ တေး”

  1. ကဗျာဆရာရယ်… ဆရာလုပ်တာတော့ မဟုတ်ပါဘူး..
    စာသီကုံးလို့ရေးရပါတယ်…. စာသီကုန်းဆိုတော့ ရင်ထဲမှာ ဓားကဗျာက ဘယ်လိုဆိုတာ သိသွားတယ်…. ခံစားရတာ အီလည်လည်ကြီးဖြစ်သွားတယ်…. ရှတတကြီး…

  2. ခွင့်လွှတ်ဗျို့ အမှားပြင်ပေးတာတော့ ကျေးဇူးပါဗျာ.. တခါတလေ ခဏခဏ အဲလိုပဲဗျ :P

  3. ကဗျာလေးကောင်းတယ် ကိုမျိုး။

  4. အလင်္ကာ ပန်းကျွန်းမှာ ချိုသာတဲ့ သံစဉ်တွေ အများကြီး သီကုံးနိုင်ပါစေဗျာ။

  5. ကြိုက်တယ်…. ကဗျာလေး

    ဝေဒနာမြူမှုန်ကင်း
    ရင်ဝယ်ရှင်းလို့ အေးငြိမ့်စေ…..
    :)

  6. ကဗျာလေး ကောင်းပါတယ်ရှင်။
    စကားလုံးလေးတွေက အလွန်လှပါတယ်။

  7. လှပစွာရေးဖွဲ့ထားတဲ့ ကဗျာလေးကို ခံစားသွားပါတယ်

  8. တကယ်ကို
    နှလုံးသဲထိ ထိုးဖောက်
    အရိုးထိအောင် ရောက်သွားပါတယ်..

  9. လက်ရမြောက်လှချည်လားဗျာ ။ ကြိုက်တယ်ဗျ ။

  10. yW3g3Y fuyutdbjspbc, [url=http://zqysbquyeaov.com/]zqysbquyeaov[/url], [link=http://xuikarywiemj.com/]xuikarywiemj[/link], http://vzqbetepgiyu.com/

Leave a Reply