အဖမှာကြားဆိုစကား

သမီးလေးငယ်ငယ် နုရွယ်တုန်းမို့
ပညာရည်နို့ သောက်စို့ကွယ်
သင်ထွေးဖတ်ရာ စာပေများကို
မမေ့မလျှော့ ပြုရော့ကွယ်..

အရွယ်ရောက်လာ ပျိုစဉ်တုန်းမှာ
ဟိုတစ်ဘက်ကမ်းသွားတော့ကွယ်
လှိုင်းကြမ်းလှေထန် ဘ၀ခရီးမို့
မှောက်မမှားနဲ့ သတိပြုကွယ်..

ဘ၀ဆိုတာ ကျောက်ဆောင်ကြမ်းမို့
ဖ၀ါးနုနုသွေးဥမယ်
ဘယ်သို့ဘယ်ပုံကြမ်းပါငြားလည်း
အဖေ့သမီးမို့ ရဲလှတယ်..

ရဲစွမ်းဆိုတာ မှတ်မမှားနဲ့
ပညာဥာဏ်နဲ့တွဲရတယ်
စောင့်လေမျိုးနွယ် ၀တ္တရားနဲ့
မျိုးဂုဏ်မပျက်ထိန်းရမယ်

လူမျိုးရေးမှာသစ္စာဖောက်ရင်
မျိုးဂုဏ်ပျောက်တော့ ခက်ရော့မယ်
လူမျိုးဘာသာနေရာများမှာ
သမီးတို့သားတွက် ရှက်ရမယ်..

မှတ်သားလိုက်နာ အဖစကားကို
ရေမြေခြားလည်း မမေ့နဲ့ကွယ်
နှစ်ပေါင်းလရှည်ခွဲပါများလို့ အဖမှာလည်း လွမ်းလှတယ်..
လွမ်းဖွယ် လွမ်းဖွယ်….

….ငယ်စဉ်က အဖေနဲ့ အမေ တေးဆိုချော့သိပ်သံတွေကို ပြန်ကြားယောင်လျှက်.. အဝေးရောက်သမီးတိုင်းအတွက် အဖေများကိုယ်စားရေးစပ်ထားခြင်းပါ… နားလည်ခံစားနိုင်ကြပါစေ….

Popularity: 9% [?]

16 Responses to “အဖမှာကြားဆိုစကား”

  1. အကိုရေ အဖေတွေရဲ့ မေတ္တာကို လှိုက်လှိုက်လှဲလှဲ ခံစားသွားပါတယ်ဗျာ။ သီချင်းလေးကလဲ ကောင်းတယ်ဗျာ။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကလေးကဗျာအဖွဲ့လေးတွေကိုလဲ လွမ်းမိပါရဲ့ဗျား။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)

  2. Oh!
    My Dad!

  3. ကဗျာဖတ်ရင်းအဖေ့ရဲ့ကျေးဇူးတရားတွေကိုမြင်ယောင်လာတယ်။
    သတိလည်းအရမ်းရတယ်..

    ကဗျာအတွက်ကျေးဇူးပါ

  4. ကောင်းပြန်ပြီ…. တကယ့် အဖွဲ့အနွဲ့လေးကလည်း နုတယ်… ယဉ်တယ်.. ဖခင်ရဲ့စကားကို မြေ၀ယ်မကျ လိုက်နာဖို့လိုသလို…. လူမျိုးရဲ့ ဂုဏ်ကိုလည်း စောင့်ထမ်းရမယ်ပေါ့… ကောင်းပါ့

  5. ကောင်းတယ်ဗျာ။ ရည်စူးချက်လေးအတွက်လည်း ကျေးဇူးတင်ပါတယ်။

  6. ကောင်းမှကောင်း..

  7. ဟုတ်ကဲ့ မှတ်သားထားပါ့မယ် အဖေ

  8. ဟားဟား…..တွေ့ လား…အဖေတဲ့ …မေကျော်ခေါ်ဝူးနော်…

  9. ကဗျာလေးကိုဖွဲ့နွဲ့ရေးစပ်ထားတာနှစ်သက်စရာလေးပါ ကိုမျိုးဥာဏ်

  10. အဖေအကြောင်းလေးရေးလိုက်ပါတယ်.. အဖေလာခေါ်ခံရတယ်.. သေစမ်း မောင်ဥာဏ်ရေ.. ဒီကှအသက်လေး 20 ပြည့်ပြီးတာ လွန်ခဲ့တဲ့ 13 နှစ်ကမှ သူတို့က လာခေါ်နေတယ် အဖေတဲ့ အရွယ်လေးမှ မထောက်

  11. သားတွေအတွက်လဲ ဖွဲ့ပါအုံးကဗျာဆရာ။

  12. လေးမ တို့  ငယ်ငယ်က “ မောင်ခွေးဖို့  ကဗျာများ” ဆိုတာရှိတယ်..။
    ကိုမျိုးဥာဏ်က “ မခွေးဖို့  ကဗျာများ” ဆိုပြီး ထုတ်လေ..။
    ခုခေတ်က မူကြိုအရွယ်ကတည်းက ဒီလို ကဗျာနဲ့  အသိပေးထားဖို့ လိုပြီလေ..။

  13. ကဗျာ ကောင်းပါတယ်။
    မလေးမ အကြံလဲ မဆိုးဘူး.. စမ်းကြည့်ပါလား =)

  14. ဆုံးမသွားပုံလေးက လှတယ် အကို။ ညင်ညင်သာသာလေးပဲ ။
    ဆရာဇော်ဂျီရဲ့ အုန်းလက်နွားလေး အလိုက်လိုပဲ ဖတ်ရတာ ပြေပြေညင်ညင်လေးနဲ့
    ရေးတတ်လိုက်တဲ့ အကိုဗျာ ။

  15. အပြောတွေပိုလို့ အပိုပြောသလိုဖြစ်မှာဆိုး၍ အနည်းအကျဉ်းသာပြောပါမည်။
    ကောင်း၏။

  16. တကယ်ကောင်းတဲ့  ကဗျာလေးပဲ .. မိဘမေတ္တာကို ပိုပြီးတော့  နားလည်လာပါတယ် ….

    တို့ နားလည် သလို တို့ ညီမလေးသာ နားလည်နိုင်မယ် ဆိုရင် …….

Leave a Reply