သေသည့်တိုင်အောင်…………

jpg

ငါးကျဉ်းတောင် တိမ်လိပ်တွေနှင့်
ရာသီချိန်သင့် အခါတော်ဆင့်ပြီ
နွားပြာညို ခွာသံပေး
ဦးချိုရယ်သွေးပါပေါ့
ငမုတ်သုန် တောင်ပြန်လေမှာ
မြူးလို့ဟစ်အော်………..

နွားလှပြာညို မိုးကျပြီဆိုရင်
ရိုးမကိုသွန်သံပေး
ခေါင်းတခါခါ လည်ပြန်ဝှေ့ပါလို့
သခင်ကိုနှိုး ထမ်းပိုးတန်းဆင်
ထယ်ရေးငင်စို့… လယ်ပြင်စို့……

တနေ့မိုးသောက် အလင်းရောက်တိုင်း
ထယ်ရေးကိုခွင်း လည်ဆံတင်းပေါ့
သခင်ကဆူ နေကပူလည်း
မိုးကိုမမှု အံပြိုင်တုတယ်
မိတ်ရင်းဆွေဖော် ထွန်တုံးတော်နှင့်
ရာသီချိန်မြဲ တတွဲတွဲ…..

ရာသီချိန်ညောင်း အလီလီပြောင်းလို့
နွားလှညိုခမျာ အားကမပိုရှာတော့တယ်..
သခင်လည်းအို နေလည်းညိုပေါ့
ဓားမလည်းတုံး ခါးလည်းကုန်းလို့
ပခုံးလည်းပြတ် ခြေဆန့်မခိုင်
သွားကရိုင်ပြီ…

သခင့်မျက်နှာထားတော်အို အလိုမကျပါပေါ့
နွားလှပြာညို မျက်ရည်တွေစိုနေတာ
သခင်မသိ ရင်မချိလည်း ပေးဆပ်မြဲမို့
ချော်ကုန်းကိုဖြတ် လယ်ကိုပတ်လို့
သားသတ်ကုန်းသို့ လှမ်းဖို့ရွယ်………..

ခေါင်းစဉ်ချပေးတဲ့ Controlboard (ကိုဝဏ္ဏ) နှင့် မယု တို့ကို ကျေးဇူးတင်မိပါကြောင်း…..

Popularity: 10% [?]

21 Responses to “သေသည့်တိုင်အောင်…………”

  1. ကဗျာဆရာ ကဗျာလေးကောင်းတယ်။
    ကျေးဇူးရှင်တွေလဲ မသိတတ်သူတွေနဲ့တွေ့ တော့ ဒုက္ခရောက်ရတာပေါ့။

  2. ဒီကဗျာလေးလည်း ကြိုက်သွားပြန်ပြီ….. နွားအိုတစ်ကောင်ရဲ့ ချုပ်သိမ်းတော့မယ့်အချိန် သူ့သခင်က မကြည်ဖြူဘူးပေါ့… ဖွဲ့ထားတာ ကောင်းတယ်ဗျာ… :)

  3. ကောင်းတယ်လို့ ပဲပြောတတ်တယ်…ဘယ်လိုကောင်းတယ်ဆိုတာကိုတော့ ပြောမပြတတ်ဘူး….မေကျော်ကစာသိပ်မတတ်ဘူး….:P

  4. စာမရေးတတ်တာကိုပြောတာ…ကဗျာဆရာ…အကျနမကောက်နဲ့ 

  5. အင်း…..နွားကသနားစရာလေး…ကဲကျေနပ်တော့ နော်

  6. ကောင်းလိုက်တဲ့ကဗျာလေးဗျာ
    ပြည့်စုံလိုက်တာ
    ထက်လိုက်တဲ့ကလောင်ပါလား..

  7. ငါးကြင်းတောင် တိမ်လိပ်တွေနဲ့
    ခုတော့ . . .
    နေ၀င်ချိန်ရောက် သွားပြီ လိုပဲ ..

    နွားတစ်ကောင်ရဲ့  ဘ၀ .. ကဗျာလေးက လှပါတယ် .. ။

    အသစ်တင်ပြီးတိုင်း လာခေါ်တာ ကျေးဇူးပါ ကဗျာဆရာ .. ။ :-)

    ဒီလိုကဗျာတွေ စပ်တတ်အောင် ဘယ်က လေ့လာထားတာလဲ မသိဘူး..။ သိချင်လိုက်တာ..။

  8. ဘဝတွေ၊ ဘဝတွေပါပဲ။ ကျွန်တော်တို့တတွေအတွက် နွားလှပြာညိုဆိုတဲ့ ဒီနွားလေးလိုဘဝမျိုး မတိုးစေချင်ပါဗျာ။
    အကြောင်းအရာနဲ့ ဖွဲ့တည်ပုံ ကောင်းတဲ့ကဗျာတစ်ခုပါပဲ။

  9. တော်တယ်ဗျာ…. ကဗျာတွေကို အဲလောက်ကြီးမခံစားတတ်ဘူး….
    နောက်ဆုံးစာပိုဒ်အပြီး ရင်ထဲတစ်မျိုးကြီးဖြစ်သွားတယ်…

  10. ကဗျာဆရာကြီးရေ…

    ဒီ Blog လေးထဲရောက်တိုင်း
    ကဗျာဆိုတဲ့ ရသအစစ်ရဲ့ ရနံ့တွေနဲ့
    မွှေးထုံနေသလို ခံစားရတယ်..။
    ကျေးဇူးပါ…။

  11. နွားတစ်ကောင်ရဲ့ ပေးဆပ်ခြင်းပေါ့လေ

  12. ကျွန်တော် ငယ်ငယ်က အဘိုးတွေ၊ အဖွားတွေ မွေးထားတဲ့ နွားညိုကြီး ကိုပြေးမြင်မိတယ်ဗျာ… သိပ်သနားစရာ ကောင်းတဲ့ နွားတွေရဲ့ ဘ၀ပေါ့..

    ရသအပြည့်အ၀နဲ့ ကဗျာလေးတွေ ဖတ်ရလို့ ကျေးဇူးပါဗျို့. :)

  13. Myo Oo!

    I don’t have quite enough words to say.
    May I say ” Very good”.

    Khin Myat Nwe

  14. သခင့်မျက်နှာထားတော်အို အလိုမကျပါပေါ့
    နွားလှပြာညို မျက်ရည်တွေစိုနေတာ
    သခင်မသိ ရင်မချိလည်း ပေးဆပ်မြဲမို့..

    နွားအကြောင်းလေးကိုဖွဲ့နွဲ့ထားတာပါ..တော်တော်ကောင်းတယ်..
    သနားစရာတော်တော်ကောင်းတဲ့နွားဘ၀ပါ..

  15. အာပေးသွားတဲ့ ညီအကိုမှောင်နှမ သူငယ်ချင်းများကို အစဉ်သဖြင့်လေးစားလျှက်…

  16. ကျနော်တို့ အညာသားတွေ အမဲသားမစားတာ အဲဒါကြောင့်ပေါ့ဗျာ..။

  17. ဒီလိုပုံစံမျိုး သီချင်းလေးတစ်ပုဒ်နားထောင်ဖူးတယ် မမှတ်မိတော့ဘူး အခုတော့ ;)

  18. ဟုတ် ကိုမောင်မျိုးရေ.. ကျနော်ကြားဖူးပါတယ်.. မှတ်မိသလောက်ရေးပြမယ်..” နုနယ်ငယ်စဉ်တုန်းက ထွန်တုံးနှင့် မိတ်ရင်းဆွေမွန်ပါ ရွှံ့ဆိုသည်မှ ကဗလာ နွံဆိုသည်ကား သူ့မွေရာ.. ရွှေပင်ဖန်းဆင် အားမာန်ကိုတင်းကာ…ငွေပင်ဖန်ဆင်း လည်ဆန်ကိုတင်းကာ. လုပ်သားကောင်းတစ်ဦးပါ ကာယလုပ်သားကောင်းကြီး အားကိုးရတဲ့ နွားလှနှစ်ဖြာ.. ” ” ထွန်တုံးကို မဖို့လည်း အားကမရွှင်တာ.. ” မှတ်မိတော့ဘူးဗျာ အဲလောက်ပဲမှတ်မိတော့တယ် လွှမ်းမိုးဆိုထား အရင်က ဟင်္သတထွန်းရင်လားပဲ.. အားလုံးကိုကျေးဇူးတင်လျှက်

  19. သေသည့်တိုင်အောင် သခင်ကို ပေးဆပ်သွားတဲ့ သတ္တ၀ါတွေ ထဲမှာ အထင်ရှားဆုံး သတ္တ၀ါက နွားပါပဲ..။ နွားအသားကို ကျေးဇူးရှင်အသားဆိုပြီး တချို့ လူကြီးတွေက မစားခိုင်းကြဘူး..။
    ဒါတောင် လူတွေက “နွားကျတယ်” တို့ … ဦးနှောက်မရှိတဲ့ နွားတို့ …“ လူ့ ငနွား” တို့ ဆိုပြီး ချိုးချိုးနှိမ်နှိမ် ခိုင်းနှိုင်းကြသေးတယ်…။ အနှိုင်းခံရတဲ့ သူက ၀မ်းသာရမှာလား.. ၀မ်းနည်းရမှာလား..။

  20. ငယ်ငယ်က အိမ်က စဥကြီးကို ရောင်းလိုက်ရတဲ့ အချိန်ကို ပြန်မြင်ယောင်မိတယ်အကို။ နွားက နဲနဲအိုလာတော့ အိမ်က အလုပ်တွေနဲ့က အဆင်သိပ်မပြေတော့ ဟိုဘက်ရွာက အဘ သူငယ်ချင်းကိုရောင်းလိုက်ရတယ်အကို။ စဥကြီးက မျက်ရည်တွေ စီးကျလို့ ။ ကျနော်နဲ့ အဒေါ်အငယ်က လည်း နွားလိမာကြီးကို နှမြောလွန်းလို့ငိုလို့ ။ နွားကျောင်းလို့ ညနေနွားသွင်းတဲ့ အချိန်ဆို အိမ်ကိုပြန်ပြန်လာတတ်တဲံ့ စဥကြီးကို ပြန်မြင်ယောင်မိတယ်အကို ။
    သခင်အသစ်ရဲ့သားကိုမော်တို့ဆို ကျနော်တို့အိမ်ကို ညနေတိုင်းလောက် စဥကြီးကို လာလာခေါ်ရတာလေ။
    ကျနော့် စဥကြီးလည်း နောက်ဆုံးတော့ သားသတ်ရုံရောက်ရတာပါပဲ အကိုရယ် ။ သူ့ကိုဝယ်ထားပြီး ဘေးမဲ့ပေးထားရလောက်အောင် ကိုက မချမ်းသာခဲ့တာလည်း တစ်ကြောင်းပေါ့ အကို။

  21. ဖတ်ပြီး တကယ်ကို ရင်နင့်မိပါတယ်။ ပညာပါပါ ဖွဲ့နွဲ့သွားတာကိုလည်း လေးစားမိပါတယ်။ တကယ့်ကို ကဗျာကောင်း တစ်ပုဒ်ပါပဲ…

Leave a Reply