မွေးနေ့ဆုတောင်း

၃၃ နှစ်တာ

ဘာလိုလိုနဲ့ ဘ၀တွေကို ဖြတ်သန်းလာလိုက်တာ တော်တော်တောင်ခရီးပေါက်နေပြီ… အဆုံးသတ်တွေသိပ်မဝေးတော့ဘူးဆိုတဲ့ အချက်ပြမီးတွေ လင်းလာတိုင်း မေ့ထားခဲ့ဘူးတာ.. ဘယ်တုန်းကမှ ဘာမှမလုပ်ဘူးပေမယ့် အခုတော့လည်း မေ့လျော့မှုတွေကြားက မှတ်မှတ်ရရ ကျနော့်ရဲ့ ညီတွေ၊ ညီမတွေပေးတဲ့ အမှတ်တရလေးတွေနဲ့ အတူ ဒီမွေးနေ့လေးကို ကျနော် ဒီဘလော့လေးကနေပဲ ကျင်းပလိုက်ပါရစေ.. ကျနော်ခင်သော ကျနော့်ကို ခင်သော မိတ်ရင်းဆွေဖော်များကို ကျနော့်ရဲ့ သံဝေဂ ကဗျာလေးနဲ့အတူ ညီတွေ၊ ညီမတွေရဲ့ အမှတ်တရများနဲ့ ရာသက်ပန်အတွက် မမြဲသော လူ့နိဗ္ဗာန် ထာဝရမဟုတ်သော အစဉ်မြဲတစ်ခုအဖြစ် မှတ်ယူရင်း ကျနော့်ရဲ့ ဖြတ်သန်းဆဲ တစ်စိတ်တစ်ဒေသလေးကို ဖော်ပြပါရစေ…
သံဝေဂအတွေးများ
သံဝေဂ အချက်ပြအလင်းများ
ငါ့အသိ နံရံတံခါးအား
နားခိုဖြတ်သွားပါသော်လည်း
ငါကား…မသိ…
အရိပ်စစ်ဖြစ်ရာ အေးဆိတ်ငြိမ်းမြတ်
တရားတို့ရှိအပ်သော အရပ်ဒေသ၌လည်း
ငါမပျော်ပိုက်…

ခရမ်းရင့်ရောင် အိုးပုတ်ပန်းဆီသို့

ညီလေးရေ… ဘ၀မှာ အဖြိုင်ဖြိုင်ကျနေတဲ့
လောကဓံမိုးစက်တွေအောက်မှာ
ဟန်မပျက် မာန်ထည့်ပြီး ရှေ့ဆက်နေတယ်လား

ညီလေးရေ… ဘ၀ဆိုတာ တစ်ခါတစ်ခါတော့
အဆန်ကို စီးနေတဲ့ မြစ်ပြိုင်တွေလို

လောကသမုဒ္ဒရာကို ပြောင်းပြန်ဆန်တက်နေရတယ်လေ…

ပုလဲရတုအကြို မွေးနေ့ဆုတောင်း

သို့
သူငယ်ချင်း
မေကျော်ရေ…. အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပေမယ့် အဝေးဆုံးတွေမှာ ရှိနေကြတယ်နော်.. ဘာလိုလိုနဲ့ ဒီနေ့ဆို နင့်မွေးနေ့တောင်ရောက်ပေါ့.. အဝေးဆုံးမှာ ရှိနေတဲ့ငါက နင့်အနားက မွေးနေ့ အခမ်းနားကိုမရောက်နိုင်သော်လည်း နင့်ကိုစား နင့်မွေးနေ့လေးကိုတော့ ဒီဘလော့လေးမှာ ငါကျင်းပ လိုက်တယ်… ထို့နည်းတူ ငါရဲ့ရင်နဲ့ဖြစ်တည်ထားတဲ့ ကဗျာတစ်ပုဒ်ကို နင့်အတွက် လက်ဆောင်အဖြစ်ပါး လိုက်ပါရစေ.. အငြိမ်းချမ်းဆုံးစိတ်အာရုံကို နှလုံးသွင်းလို့ နင့်မွေးနေ့မှစ၍ သောကကင်းဝေးစွာနဲ့ အေးချမ်း သာယာတဲ့ ဘ၀လေးတစ်ခုနဲ့ နင် အမြဲဖြတ်သန်းနိုင်ပါစေသား……………. ဒီကဗျာလေးကိုလည်း နင့်မွေးနေ့အတွက် ရည်စူးရေးခဲ့သလို ငါ့ရဲ့ ဘလော့လေးကို လာရောက်လည်ပတ် အားပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း ငါက နင့်ကိုစား ကဗျာဒါနကုသိုလ်လေးနဲ့ ဧည့်ခံလိုက်ပါရစေ.. အဝေးဆုံးက သူငယ်ချင်းရေ… ထာဝရပျော်ရွှင်နိုင်ပါစေသား………