ရွက်ခတ်သားတို့ ဇွဲနဲ့ မာန်

jpg

ပင်လယ်လှိုင်းဆန်
မုန်တိုင်းထန်သော်
ရေမျောကမ်းတင်
လမ်းမမြင်လည်း
တစ်ယောက်ထဲမို့
အားစိုက် တွန်းလှန်
လှိုင်းဆန်လှေတက်
ပဲ့ထက် ရွက်တိုင် ဘယ်မယိုင်နဲ့
ရေပျော်ရွက်ခတ် ခရီးဆန့်မည်
လှိုင်းတောင် ဘယ်သို့ကြီးမည်နည်း…

ကြယ်ရောင်မလက် ပျိုးပျက်လျှပ်ရောင်
မိုးထဲမှောင်ထဲ
တစ်ယောက်ထဲမို့
ခရီးမသာ မနီးပါလည်း
ရွတ်ခတ်ယောင်္ကျား မခြောက်ခြားဘူး
ဇွဲမာန်မပျက် ရှေ့သို့ဆက်၏…

လှိုင်းလူးလွန့်လှိမ့်
လှေဦးသိမ့်ကာ
လှိုင်းသော်လှေအောက်
ရောက်ပါစေငြား သတိထားလည်း
လှေလည်းမဟန် ဦးကွဲလန်ကာ
ရွက်တိုင် ပဲ့ခြားရှိစေငြားလည်း
လက်အားကိုထည့် ခရီးဆက်မည်
သေသော်မှသည် လျှော့လိမ့်မည်..

Popularity: 10% [?]

19 Responses to “ရွက်ခတ်သားတို့ ဇွဲနဲ့ မာန်”

  1. Congratulation!
    I envy you. I respect you. Try the best.
    Wish the best in everything!

  2. ပြခန်းကြီး .. ပုံရော ကဗျာရော ထင်ဟပ် ကောင်းမွန်တယ်ဗျာ ၊၊

  3. ကဗျာ ဖွဲ့စည်းပုံ နဲ့ အားမာန်တွေကို လေးစားနှစ်သက်မိပါတယ်။
    ဖတ်ရတာ အားလည်း ရှိလာတယ်။
    ကျေးဇူးပါ။

  4. အကိုရေ သေသော်မှသည် လျှော့လိမ့်မည် ဆိုတာကို သဘောကျတယ်ဗျ။

  5. မင်္ဂလာပါ
    လာရောက်ခံစားသွားပါတယ်။ ကောင်းလိုက်တဲ့ အတွေး၊ တိုးတက်လာတယ်လို့ ဆိုရမယ်၊ ဘာဖြစ်ဖြစ်လေ အားပေးလျှက်ပါ၊
    ရွှင်လန်းချမ်းမြေ့ပါစေ…

  6. ကောင်းတယ်ဗျို့… အမြဲအားပေးနေပါတယ် ကိုမျိုးရေ…

  7. ရွတ်ခတ်သားတို့ ဇွဲ နဲ့ မာန် တို့နှင့် ပြည့်စုံပါပေတယ်

  8. အစ်ကို့  ကဗျာတွေဖတ်ရရင် အငယ်တုန်းက ကျောင်းသင်ခန်းစာမှာဖတ်ရသလိုပဲ ရွတ်လို့ ကောင်းတယ် နားလည်ရလွယ်တယ် လှော်သာလှော် :)

  9. အဲဒီမှာ ကဗျာ ဆရာရဲ့ ဓားကို သွားတွေ့တာပဲ.. သိပ်ကောင်းတဲ့ ကဗျာတစ်ပဲဗျာ. မှတ်မှတ်သားသား ထားလိုက်ပြီဗျို့.. နောက်ထပ် နောက်ထပ် ထပ်ထပ် ဖတ်ရမယ့် ကဗျာမို့လို့. :)

  10. ရွက်ခတ်သားတို့ ဇွဲနဲ့မာန်၊
    လှေခွက်ကြည့်ကျန် အလံမလှဲ၊
    သေသော်မှသည် လျှော့မည့်ဇွဲ။…..။

    ဆရာဉာဏ် – ဆက်လက်ချီတက်ရင်း အနုပညာပန်းများ ဖူးပွင့်လန်းဆန်းနိုင်ပါစေခင်ဗျာ။

  11. အကိုကြီးရေ အားမာန်အပြည့်ပါတဲ့ကဗျာကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်သွားပါတယ်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ :) :)

  12. သိပ်ကြိုက်လွန်းလို့ ကူးထားလိုက်တယ်
    ဟုတ်တယ်ဗျာ
    ဘ၀မှာ….
    တစ်ခါမှကိုအဆင်မပြေသေးဘူး
    ဒါပေမယ့်လည်း မသေမချင်းဆက်လှော်နေရမှာပေါ့။

  13. လောကကြီး
    နာကျင်မှုတွေ
    စွန့်လွှတ်ရမည့် အရာများ
    ရွှင်လန်းချမ်းမြေ့ပါစေ…

  14. တစ်ခါတစ်လေ အခက်အခဲနဲ့  ကြုံမှ ပို ဇွဲ ကောင်းတတ်တယ်…။
    ရွက်ခတ်သမားအဖြစ် ရွေးချယ်မိမှတော့ အားထည့်ပြီးလှော်ခတ်ရတော့မယ်…။

  15. သေသော်မှသည် လျှော့လိမ့်မည်..

    ဟုတ်တယ်အစ်ကိုရေ..သေမှပဲလျှော့ရတော့မှာပဲ..
    အရမ်းကြိုက်တယ်.. ပုံလေးရော ကဗျာလေးရော

  16. ပုံလေးတွေကို ကဗျာလေးတွေနဲ့ လိုက်အောင် တွဲဖက်တတ်တာဟာလည်း အကို့ရဲ့ အားသာချက်ပါပဲ အကို

  17. ကောင်းတယ်ဗျာ.. .ဇွဲအားမာန်တွေ ပေးတဲ့ ကဗျာပဲ…. သေသော်မှသည် လျှော့လိမ့်မည်

  18. အနှစ်သာရ ပြည့်ဝတဲ့ ကဗျာတစ်ပုဒ်ပါ။ စပ်သွားပုံကလည်း ပညာပါလှပါတယ်။ ဖတ်ပြီးတော့ အားတစ်ခုရသွားလို့ ကျေးဇူးတင်ပါတယ်ရှင်…

  19. “လှိုင်းလူးလွန့်လှိမ့်
    လှေဦးသိမ့်ကာ
    လှိုင်းသော်လှေအောက်…” ဆိုတဲ့ အဖွဲ့လေးကို အရမ်းကြိုက်တယ်။ ကာရန်မိပြီး စာသားတိုင်းမှာ အဓိပါယ်ရှိနေတယ်။

Leave a Reply