တွယ်ရာမဲ့ဗေဒါ

  • မိုးလေသံချုန်းချုန်းညံ

ချောင်းရေသံဝုန်းဝုန်းဆံလို့

ပန်းဗေဒါခက်ကြုံရတယ် ပင်ပြတ်ကယ်တဲ့ကြုံ…….

  • ချောင်းဆုံရာမြစ်ညာဆီက မျောလာရာလမ်းမှာလည်း

ပန်းဗေဒါ လမ်းဘယ်မသိ နားခိုရာကမ်းရွာမရှိလို့

ဝဲလိုက်ရာငုံကာလျိုးရတယ် မောဟိုက်ကယ်တဲ့ကြုံ…..

  • သံသရာရယ်ဘယ်မှာဆုံး ဗေဒါငယ်ဖွေရှာဦးတော့

ကမ်းရေလွှာမဆုံးနိုင်သမျှ ပန်းဗေဒါလမ်းဘယ်မဆုံး

တွယ်ရာမဲ့လေဦးတော့ကွယ်………

သွဏ်းသက်တံ့ (သနပ်ခါးမြေ)

Popularity: 6% [?]

One Response to “တွယ်ရာမဲ့ဗေဒါ”

  1. this is my favourite poem.

Leave a Reply