ကျေးဇူးတင်လွှာ

ကျွန်တော်ဝါသနာပါတဲ့ စာတိုပေစ ကဗျာလေးတွေနှင့် မှတ်သားမိသမျှ အကြောင်းရာတို့အား ရေးသားဖန်တီးရာ နေရာအဖြစ် ဤဘလော့လေးကို တည်ဆောက်ခြင်းဖြစ်ပါသည်.. ယခင်ယခင်က Blogspot တွင်ရေးသားနေမိသော်လည်း.. ယခုတော့ဖြင့် Wordpress ကိုလေ့လာမိပြီး နေရာဟောင်းလေးဟား သတိရနေပါသော်လည်း .. ဤနေရာမှ မခွာနိုင်ဖြစ်ကာ Wordpress သို့ ကူးပြောင်းလိုက်ပါ တော့သည်.. ဤဘလော့ဖြစ်မြောက်ရန်အတွက် အခြေခံမှစပြီး လေ့လာခွင့်ပေးယုံတင်မဟုတ်ပဲ ကျွန်တော်မသိနားမလည်တာတွေကိုပါ ကျွန်တော့အနီးနားမဟုတ်သည့်တိုင် အဝေးတနေရာမှ Mail ပို့၍သော်လည်းကောင်း Chat Line များဖြင့်သော်လည်းကောင်း စိတ်ရှည်လက်ရှည် ပြောပေးကြတဲ့ ဆရာသင်္ကြန်ဆရာမှော် (မှော်ဆရာ) ၊ တစ်ခါတစ်ခါ ကျွန်တော့်ရဲ့ မသိနားမလည်ခြင်းများကို လျှပ်တစ်ပျက် အနှိပ်စက်ခံနေရသော ဆရာသင်ကာ ၊ လေ့လာခွင့်တွေအများကြီးပေးသော Wordpress Myanmar Myanmar Blogger Helpdesk အဖွဲ့မှ နည်းပညာမျှဝေကြသောဆရာများနှင့် ဘလော့ဆိုတဲ့ နည်းပညာ၊ ခံစားမှု အစုစု သီဖွဲ့ရာရပ်ဝန်းလေးတစ်ခုထဲကိုရောက်ဖို့ နည်းပညာမျှဖလှယ်မှုပြုကြသော ဆရာများအားလုံး၊ ညီအကိုမောင်နှမ အားလုံးကို ကျေးဇူးတော် အနန္တ၊ ဂုဏ်တော် အနန္တဖြင့် ဂါရ၀ပြုလျှက် ဤ ဘလော့လေးအား ရေးသားနေမိပါတော့သည်…..

Popularity: 6% [?]

6 Responses to “ကျေးဇူးတင်လွှာ”

  1. သတိတရနဲ့ ကျေးဇူး စကားဆိုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုမျိုးဥာဏ်ရေ။ :) (အမှန်တော့ ကျွန်တော်တို့ ကူညီလို့ ဆိုတာထက် ကိုမျိုးဥာဏ် ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ် မှုကြောင့် ဆိုရင် ပိုမှန်မှာပါ။ ) ဘာပဲ ဖြစ်ဖြစ်ပါ. ကျွန်တော်ကတော့ ကိုမျိုးဥာဏ် ဘလော့ဂ် ကို အရင် ဘလော့ဂ် Spot မှာကတည်းက ကဗျာလေး တွေ ကြိုက်လို့ ဖတ်ရင်း ရောက်ဖြစ်တာ တော့ ကြာပါပြီ။ နောက်များမှာလည်း ပိုပိုကောင်းမွန်တဲ့ စာစုတွေနဲ့ အတူ အောင်မြင်စွာ၊ ပျော်ရွင်စွာ ဆက်လက် ဘလော့ဂင်း နိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ် ခင်ဗျာ။

  2. အထက်ဖေါ်ပြပါ ကျေးဇူးတင်ထိုက်သူများကို လေးမကလည်း ကျေးဇူးအထူးတင်လျက်ရှိ.ပါကြောင်း..။
    ( ကိုယ့် ဘလော့မှာကိုယ် ကျေးဇူးတင်လွှာ မရေးဘဲ သူများရေးထားတဲ့ ထဲ ရောရေးမိတာ နားလည်ပေးကြပါရန် ) :P

  3. ဆုတောင်းပေးသွားကြတဲ့… ဆရာမှော် ရေ.. ပေးတဲ့ဆုနဲ့ပြည့်ပါစေသားဗျာ….
    မလေးမရေ…နားလည်ပေးပါတယ်ဗျာ.. ဒီပုဂ္ဂိုလ်တွေမမေ့စကောင်းမို့ ထိပ်မှာတင်ထားတာ…ဗျာ..

  4. 20 -8 – 2008twGuf
    yxrqHk; olUukdarG;zGm;ay; cJhwJh twGufolUazaz eJUarar
    ukdaus;Zl;wifygw,f/
    olUudkMuD;jyif;atmif ysdK;axmifay;cJhwJh twGuf? olUukd vl aumif;av;wpfa,mufjzpfatmif
    oGefoifay; cJhwJh twGuf vnf; aus;Zl;wifygw,f/
    jyD;awmh aiGaMu;awG 7mxl;*kPfxl;awGeJUvJvnf vkdUr&wJh
    jrwfEkd;p&maumif; wJh t&nftaoG;awG ydkifqkdif Ekdifatmif tm;
    xkwf cJh wJh olUukd aus;Zl;wifygw,f/

    aemufjyD;&ifawmh olUukd awGUqHkcGifh ay;cJh wJh qef;us,fwJh uH w&m;ukd
    odyfaus;Zl; wifygw,f/

  5. ဟုတ်ပဗျာ … ဒီဆရာတွေရဲ့ ကျေးဇူးကဖြင့် ရှိလှပါတယ်။ ကျနော် အခက်အခဲရှိတိုင်း အဲဒီကိုသွားပြီး မွှေနှောက် အဖြေရှာ၊ တွေ့ရင်ပြင်၊ သိပ်ကောင်းတဲ့ နေရာနဲ့ လူတွေဗျာ။
    ကျနော်လည်း Wordpress လေးကို သဘောကျပေမယ့် မကူးပြောင်းနိုင်သေးပါဘူး။

  6. nLwtoK fnlzskposjty, [url=http://ufijbhaimdli.com/]ufijbhaimdli[/url], [link=http://edppnqxuagvu.com/]edppnqxuagvu[/link], http://mrckzstyfiqf.com/

Leave a Reply