Archive for October 2009

You are browsing the archives of 2009 October.

အငှားနွား

အငှားနွားဆိုတာ နွားချင်းတူတာတောင်
စားကျင်းမှာတော့ အိမ်နွားတွေအစာဝမှ
အနံ့ခံခွင့်ရတာ သဘာဝပါ…
သခင်ကလည်း ငှားရက်တော့
သူစိမ်းဖက်တဲ့လက်မှာ
တမိုးတာ ဆိုလို့သာ
မိုးကုန်ရက်ကိုစောင့်နေလည်း
သခင်မဟုတ်တဲ့သူစိမ်းကတော့
တစ်မိုးတစ်ဘ၀စာနဲ့ အဆုံးသတ်စေချင်လားမသိ
ပုခုံးသားတွေ အတစ်လိုက်တွန့်
ခြေတောက်တွေ ဒရွတ်ဆွဲတောင်
သူစိမ်းကတော့ နှင်တံမှာသံချွန်တပ်
အမြီးတောင်မခတ်ရဲတဲ့ဘ၀….
ခွာလန်ပြီး ပခုံးပြတ်
အဖြားခတ်ပြီး အဆုံးသတ်မလှတဲ့ခိုင်းနွား
သူစိမ်းများကြားမှာ တိမ်းပါးသွားခဲ့ရင်တောင်
သခင်နားဆီမှာ အပစ်စကားတွေသာဆိုမည့်သူစိမ်း…
ဘယ်တုန်းကမှ ခေါင်းခါ ဂျိုသွေးချိန်တောင်မရတဲ့ အငှားနွား…
သခင်ပြန်ကြားသမျှတော့ ဂျိုဆန်လည်ဝှေ့ မြီးဖြားရိုက်ဖြတ် ခွာစောင်းခတ်တယ်တဲ့လေ..