Archive for April 2009

You are browsing the archives of 2009 April.

ရင်ငွေ့တွေးသီ ချစ်သူဆီသို့

ကဗျာ မျက်ဝန်းကိုအသက်သွင်းလို့
ကြယ်တွေသီနှင်းထားတဲ့ အလင်းရဲ့အချင်းကို
နှလုံးသားက ယူဇနာအသင်္ချေမေတ္တာနဲ့ တိုင်းတာကြည့်ရင်း
သစ္စာဘွဲ့စကားတို့ကို တိုင်တည်ကြမယ်
ကမ္ဘာတည်သမျှ ရှိနေကြစေပေါ့…
ကြင်နာသူ ရှက်ပြုံးနဲ့
မျက်ခုံးပင့်ရင် တစ်သက်လုံးဖြစ်မယ့်
ရင်ခုန်သံတွေက တဒိတ်ဒိတ်
တရိပ်ရိပ်လင်းနေတဲ့ ဖျောက်ဆိပ်မျက်လုံးလေးကို
တိတ်တိတ်လေးနဲ့ ကြည့်နေရင်းက
ကြိတ်မှိတ်ဆွေးရမှာကိုစိုးမိတယ်..