Archive for March 2009

You are browsing the archives of 2009 March.

လှသလောက်သာ ယဉ်စမ်းကွယ်

ပန်ပါလေကွယ်..
နှောင်သက်လယ် ထုံးတော်ဖွဲ့ကေသာ
ဂမုန်းမှောင် နက်ရောင်ကျော့ဝယ်
သဇင်ဖြူ မြရွက်စိမ်းရယ်နဲ့
ပန်တော်မူ ဆင်လေမြန်းတော့
မဆန်းသော်မျှယဉ်
အသွင်တော် မသစ်သော်မျှ
အလှစစ်မို့ ညဖြစ်ဦးတော့ လင်းရော့မယ်…

မနက်ဖြန်မြို့ပြများထဲက ကျုပ်နဲ့ ခင်ဗျား

အစဉ်ထာဝရမရှိတဲ့ သင်္ခါရများကြားမှာ
မာန်မာနတွေ ထားနေရဦးမှာလား..
မနက်ဖြန်ရဲ့ နောက်ကွယ်မှာ ပြီးဆုံးမယ့်
ဘ၀တွေကို တချက်ကြည့်ရင်း
ပြီးခဲ့တဲ့ အတိတ်တွေကို ဖြတ်မျဉ်းတစ်ခုနဲ့ဖျက်
လက်သီးပုံးတွေနဲ့ ကြီးပြင်းခဲ့တဲ့
ခင်းဗျားနဲ့ကျုပ်ရဲ့ နယ်ခြားမျဉ်းတွေကို
အပြုံးတစ်ခုနဲ့ ကူးသန်းခွင့်ပေး
နေခွင့်ရတဲ့ မနက်ဖြန်လေးတွေမှာ
ကျုပ်တို့လက်တွေဆေးကြောရင်း
နှလုံးငြိမ်ဆေးစားကြစို့…

ပျံသန်းရင်းနဲ့ လွင့်မြောခြင်း

ကျယ်ပြောတဲ့ လောကဟင်းလင်းပြင်ထဲမှာ ကျနော်တို့တွေ ကူးခတ်နေကြတယ်ဆိုရင် မှားမယ် မထင်ပါဘူး.. သို့ပေသော်လည်း ကျနော်တို့တွေရဲ့ ဘ၀တွေကတော့ အင်မတန် တိုတောင်းလှပါတယ်… တိုတောင်းတဲ့ ဘ၀တွေကို ကူးဖြတ်နေတဲ့ ကျနော်တို့ကတော့ အဆုံးအစမဲ့တဲ့ လွတ်လပ်မှုတွေကို လိုချင်တပ်မက်ကြပါတယ်.. တကယ်တော့ ဒါတွေဟာ မှားယွင်းနေမယ်လို့ ကျနော် ယူဆပါရစေ.. ကျနော်တို့ ဘ၀တွေရဲ့ လွတ်လပ်မှုဟာ ကျနော်တို့ စိတ်တွေရဲ့ ထိန်းချုပ်ဟန့်တားနိုင်တဲ့ စွမ်းအင်ထက် ကျော်လွန်၍ မရနိုင်ပါဘူး… ကျနော်တို့တွေဟာ လွတ်လပ်မှုကို ခုံမင်နှစ်ခြိုက်သင့်တာမှန်ပေမယ့် ကျနော်တို့ရဲ့ လွတ်လပ်မှုဟာ စည်းတဘက်ကို ကျော်လွန်ပြီး အနားသတ်မရှိဘူးဆိုခဲ့ရင် ကျနော်တို့တွေရဲ့ လွတ်လပ်စွာ ပျံသန်းခြင်းဟာ မှားယွင်းနေပါလိမ့်မယ်.. တကယ်တော့ ဒါဟာ လွတ်လပ်စွာ လွင့်မျောခြင်း သက်သက်သာဖြစ်ပါလိမ့်မည်..

အို…တံငါ

အို..တံငါ….
လှေဦးကနုတ် ပန်းရုပ်ပျောက်နဲ့
ရေညှိကတက် လှေခွက်ကယို မိုးကစို..
မှိတ်မသုန်တန့် လှော်တက်ခပ်ယက်
ဝမ်းရေးတွက်မို့ ငရဲလမ်းလည်း သွားရတယ်…
အို..တံငါ….
မိုးယံမလင်း ကြယ်ရောင်ဆင်းနဲ့
တမှေးအိပ်ယာ လူးလွန့်ထလျက်
အိပ်ပျက်ခါခါ ရှိပါသော်ငြား
ဇနီးသားနဲ့ စီးပွားတွက်မို့
အားထဲ့ မာန်နဲ့သွားရတယ်…