Archive for February 2009
You are browsing the archives of 2009 February.
You are browsing the archives of 2009 February.
တစ်ထောင့်တစ်ညများထဲက
ပုံပြင်မဟုတ်ဘူး ကုန်းဘောင်ရေ…
နင်သရုပ်ဆောင်ခဲ့တဲ့ ပါတော်မူညများအကြောင်း
ငါနိုးထဘူးတဲ့ အရုဏ်ဦးပေါင်းများစွာက
ကောင်းကောင်း သိခဲ့ရတယ်…
အတ္တတွေ မာန်ဂုဏ်မောက်
အစဉ်လာတွေ ဖျောက်ဖျက်ခဲ့ပြီလား နန်းမတော်…
နင်တက်ခဲ့တဲ့ နားထင်ကသွေးတွေနဲ့
နင်လိုချင်တဲ့ နှစ်ပြားမတန်အာဏာက
တပါးသူတွေစံစားဖို့တဲ့လား…
နားထဲမှာ ကြားရဲစရာမရှိဘူး နန်းမတော်..
နင်ရေးတဲ့ ရာဇ၀င်တွေ အရိုင်းဆန်
သမိုင်းကတော့ ဟန်ပျက်
သွေးလှိုင်းထန်တဲ့ ဧရာဝတီမှာ
ရတနာပုံညများကတော့ ပြာမှုန်ကြဲခံလိုက်ရပြီပေါ့…