Archive for January 2009

You are browsing the archives of 2009 January.

မြစ်တစ်စင်းရဲ့ ဒုက္ခ

အလိုက်သင့် စီးမျောရင်း
ကြည်နူးခဲ့ရတဲ့ အချိန်တွေ
ကျောက်စွယ်တွေကြားထဲက
မချိမဆန့် ဝေဒနာတွေကို
သင်ခန်းစာ ခေါင်းစည်းအောက် ပို့သွင်းယုံကလွဲလို့
ငြိမ်းအေးမှုအတွက် ဘာမှ အသုံးမ၀င်ဘူး…။         ။

ခရမ်းရင့်ရောင် အိုးပုတ်ပန်းဆီသို့

ညီလေးရေ… ဘ၀မှာ အဖြိုင်ဖြိုင်ကျနေတဲ့
လောကဓံမိုးစက်တွေအောက်မှာ
ဟန်မပျက် မာန်ထည့်ပြီး ရှေ့ဆက်နေတယ်လား

ညီလေးရေ… ဘ၀ဆိုတာ တစ်ခါတစ်ခါတော့
အဆန်ကို စီးနေတဲ့ မြစ်ပြိုင်တွေလို

လောကသမုဒ္ဒရာကို ပြောင်းပြန်ဆန်တက်နေရတယ်လေ…

အဇ္ဈတ္တရဲ့ တေး

အလင်္ကာ ပန်းကျွန်းက
တစ်လွှာချင်း သီမယ့်
အဇ္ဈတ္တရဲ့ မုတသံဇဉ်
သမုဒယဟန် အသွင်ဖွဲရင်း
ရသသွင်းမယ့် ငါ့ကမ္ဘာမှာ
ဓါးကဗျာ၊ စာအသွားနဲ့
နားမပါ ရင်ခံစားစေ
နှလုံးသဲထိ ထိုးဖောက်
အရိုးထိအောင် ရောက်စေ..
ဝေဒနာမြူမှုန်ကင်း
ရင်ဝယ်ရှင်းလို့ အေးငြိမ့်စေ…

လမ်းလွဲ ခရီးသည်

နှုတ်ဖျားက စကားတွေပြောချင်သော်မှ
အုံ့ပုန်းတွေ ပင်လယ်ပြင်ဖြစ်
အလွမ်းတွေ ဟိုးအမြင့်မှာ ပျံဝဲ
လေထဲမှာ.. လွင့်တက်နေတဲ့သံယောဇဉ်က
အသိုက်ပျောက်ငှက်တွေအလားပေါ့..

Protected: ဘတိုးမှ MBBA သို့

There is no excerpt because this is a protected post.

Page 1 of 212»