၃၃ နှစ်တာ
ဘာလိုလိုနဲ့ ဘ၀တွေကို ဖြတ်သန်းလာလိုက်တာ တော်တော်တောင်ခရီးပေါက်နေပြီ… အဆုံးသတ်တွေသိပ်မဝေးတော့ဘူးဆိုတဲ့ အချက်ပြမီးတွေ လင်းလာတိုင်း မေ့ထားခဲ့ဘူးတာ.. ဘယ်တုန်းကမှ ဘာမှမလုပ်ဘူးပေမယ့် အခုတော့လည်း မေ့လျော့မှုတွေကြားက မှတ်မှတ်ရရ ကျနော့်ရဲ့ ညီတွေ၊ ညီမတွေပေးတဲ့ အမှတ်တရလေးတွေနဲ့ အတူ ဒီမွေးနေ့လေးကို ကျနော် ဒီဘလော့လေးကနေပဲ ကျင်းပလိုက်ပါရစေ.. ကျနော်ခင်သော ကျနော့်ကို ခင်သော မိတ်ရင်းဆွေဖော်များကို ကျနော့်ရဲ့ သံဝေဂ ကဗျာလေးနဲ့အတူ ညီတွေ၊ ညီမတွေရဲ့ အမှတ်တရများနဲ့ ရာသက်ပန်အတွက် မမြဲသော လူ့နိဗ္ဗာန် ထာဝရမဟုတ်သော အစဉ်မြဲတစ်ခုအဖြစ် မှတ်ယူရင်း ကျနော့်ရဲ့ ဖြတ်သန်းဆဲ တစ်စိတ်တစ်ဒေသလေးကို ဖော်ပြပါရစေ…
သံဝေဂအတွေးများ
သံဝေဂ အချက်ပြအလင်းများ
ငါ့အသိ နံရံတံခါးအား
နားခိုဖြတ်သွားပါသော်လည်း
ငါကား…မသိ…
အရိပ်စစ်ဖြစ်ရာ အေးဆိတ်ငြိမ်းမြတ်
တရားတို့ရှိအပ်သော အရပ်ဒေသ၌လည်း
ငါမပျော်ပိုက်…
လောင်မြိုက်ခန္ဓာတို့ ပျက်ကြွေလုကာ
ဇရာဆိုသော အ၀တ်လွှာတို့သည်
နွမ်းနယ်၍ ညစ်ကျယ်ပါသော်လည်း
အသိအာရုံတို့ကား သတိမရှိ…
အမြင်အာရုံအသိတွင်
မရှိ၍ မမြဲသော သဘောတရားတို့အား
လက်ကိုင်ထားကာ စွဲမြဲစွာရှာနေခဲ့ပါသော်လည်း
သဲထဲရေသွန်သည့်ပမာ
ငါ့မှာသာကား ဗလာနှင့်…
ခန္ဓာတို့လေးကွေးလို့
ဇရာနှင့်ယှဉ်တွေးရင်း ရင်လေးမိဘူးပါရဲ့
အသင်ငေးမိဘူးသော အကျွန်က
ယခင်အဝေးဆီကလိုလည်း မပျိုမြစ်
ဖြူနေသောသွားတို့က မီးခိုးရောင်ထပြီး
မှောင်ရီနေသော ဆံနွယ်တို့က
ငွေခြည်သန်းစ ပြုပြီလေ…
နေခြည်ဖြန်းလို့ ဆန်းပါသော်လည်း
အမြင်အကြည့်များကတော့
ရီဝေလို့နွမ်း မလန်းဆန်းဘူးပေါ့..
ဖောက်ပြန်၍ လွဲနေသော
အပြောင်းလဲတွေထဲမှာ
အကောက်ကြံနေတာက ငါ့ကိုယ်ငါနှယ်
ငါခန္ဓာရယ်ပါ..
မညီညွတ်တဲ့လှုပ်ရှားမှုတွေကြားထဲမှာ
ဟိုကနာ ဒီကကိုက်
ညှင်းဆဲနေလိုက်ကြတာ
ငါ့ဝိညာဉ်တောင် ပြေးရော့မယ်..
နှစ်များစွာတိုင် ခိုင်မြဲဖို့တဲ့ ညီမလေး ငပူတူးရဲ့ ဖြစ်စေချင်တာ ဆန္ဒများ…
ဒီနေ့ကစ နှစ်များစွာတိုင်
မယိုင်မလဲ ခိုင်ခိုင်မြဲလို့
အခက်အခဲများလည်းကျော်နိုင်စေ …..
ရောက်ရာနေရာပျော်အောင်နေလို့
လူချစ် လူခင်ပေါများစေ …..
ဆန္ဒဘ၀ ထပ်တူကျလို့
သောကဟူသမျှကင်းဝေးစေ …..
မိဘသိတတ် ကျေးဇူးဆပ်လို့
သားကောင်းမြတ်လဲဖြစ်ပါစေ ….
နှလုံးထပ်တူ စိတ်ညီတူတဲ့
ချစ်သူလေးနဲ့ ပေါင်းရစေ ….
ကဗျာတွေချစ်တဲ့ ကဗျာများနဲ့ ကလောင်သွားထက်တဲ့…ညီလေး.. ဖြိုးငယ် ရဲ့ ကလောင်စကား..
ကဗျာသောက်သော အစ်ကို သို့ ……….
လူ့သက်တမ်း ကို သုံးချိုး ချိုးပြီး
သုံးတိုးလိုက်တဲ့ နေ့တစ်နေ့ ……
တိမ်ယံမှာ ရောင်နီသွန်း
နေခြည်တွေ ပထဝီပေါ်ညွန်းရင်ဖြင့်
ကဗျာတွေယွန်းတဲ့ လက်ပိုင်ရှင်က
မှတ်တိုင်တစ်ခု စိုက်တော့မယ်
ကမ္ဘာစွန်း တစ်ဖက်စီက
မေတ္တာခွန်း တစ်သက်မှီ
အသက်တည် အဝင်အထွက်ညီသမျှ
ဘေးဘယာ ဝေးကွာလို့
ထွေးစရာ လေးကလျှာနဲ့
နှေးမကြာ အကြောင်းဖက်
ရွှေလက်ရယ် ခိုင်ခိုင်ဆက်ဖို့
တောင်းဆုတွေ ခြွေလျှက်ပါ အစ်ကို…
ဆက်လျှောက်ရမယ့် လမ်းစိုင်မှာ
ပန်းတိုင် မရောက်မချင်း
ကဗျာတွေ ခင်းခင်းပြီးလျှောက်
အနုပညာလမ်းကြီး ဖောက်နိုင်ပါစေ ….
အစ်ကိုဖွင့်ထားတဲ့ ပြခန်းမှာ
ကဗျာပန်းတွေနဲ့ဝေလို့
လာလှမ်းသမျှလူတွေ မွှေး
ကမ္ဘာတစ်ခြမ်းမကဝေးရင်တောင်
ပြန်လှမ်းကို မေ့နေလောက်စေရဲ့ ….
အစ်ကိုရေးတဲ့ အဇ္ဈတ္တရဲ့ တေး
နှလုံးသွေးတွေ ဆူပွက်
ကဗျာစပ်တဲ့ လက်တွေက
ရင်ဘတ်အထိ ထိုးဖောက်
တစ်မိုးသောက်လို့ တစ်နေဝင်လည်း
ဖတ်လိုက်တိုင်း အပြစ်ကင်းစင်တယ်လေ ….
အစ်ကိုရေ …
မွေးတစ်နေ့ သေတစ်နေ့ ဆိုပေမဲ့
အဲဒီ နှစ်နေ့အကြားမှာ ကျွန်တော်တို့တွေ့ခဲ့ကြတယ် …
ရူးရူးမူးမူး ..
ကဗျာတွေ အတူတူခူးလို့
ရင်ဘတ်တွေ တူးကြည့်ကြဖူးတယ် …..
ဒီလိုနဲ့
ကျွန်တော်တို့လည်း ညီအကို ဖွဲ့ခဲ့ဖူးတယ်
ကဗျာတွေသောက်ပြီးတော့ပေါ့ …
အစ်ကိုရေ …
မိုးသောက်လို့ ရောင်နီထိုး
သုံးချိုး ကို သုံးတိုးလိုက်ပေမဲ့
အစ်ကိုစီတဲ့ ကဗျာချပ်တွေကိုမပြတ်တမ်း ထပ်ဆက်ရင်း
လောကကြီးကို နှုတ်ဆက်လိုက်ပါဦးဗျာ …
ဖြိုးငယ်
မွေးနေ့ကို မေ့တတ်တဲ့ကျနော့်အတွက် မမေ့အပ်စေဖို့ အမှတ်တရတွေပေးတဲ့ ဝေးဝေးလေး (ဝေလေး)ရဲ့ ဆုတောင်းစကား
နရီတွေပြောင်း
လတွေဟောင်းလို့
ရော်ဝါကြိမ်ကြိမ်ကြွေခဲ့ပြီ
ရက်တွေလဲဟောင်း
နှစ်သစ်ပြောင်းလို့
တန်ခူးခါခါတိုင်ခဲ့ပြီ
လတွေနှစ်ပြောင်း
ရက်တွေနှောင်းလည်း
ဤနေ့ချိန်ခါ
မမေ့သာသည်
မွေးနေ့ရက်မြတ်
မင်္ဂလာတည်း။ ။
(နောက်ဆို မွေးနေ့ကို မမေ့အောင် ကဗျာစပ်ပေးတာ….. ကောင်းကောင်းမကောင်းကောင်း ကောင်းတယ်ပဲပြောနော်….
)
အကိုရေ ခဏစောင့်ဆိုပြီး ကဒ်ပေးပီးထွက်ပြေးတဲ့ ညီလေး.. Craton ရဲ့

Popularity: 21% [?]









ဒီအစ်ကိုကြီး မွေးနေ့ကို ပြောပြောကမစောဘူး။
Happy Birthday!!!
ယနေ့မှစ နှစ်ပေါင်းများစွာတိုင်အောင် အမှတ်တရပေါင်းမြောက်မြားစွာနဲ့ ပျော်ရွှင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင့်
ခိုလှုံရာရင်ခွင်ဦးမှာ
ရင်ခုန်စရာအကြင်နာတွေလွှမ်းလို့
သွေဖယ်ခွာရှောင်ရက်ဘူးလေ
နေချင်တယ်တစ်သက်လုံး ….
ချစ်ခွန်းတွေဖွဲ့သီချွေ
မက်မပြေဒီအနမ်းတွေနဲ့
ချစ်စဖွယ်ဒီနှုတ်ခမ်းတွေကြောင့်
ဒီရင်မှာ တသိမ့်သိမ့်မြူး
ရူးခဲ့တဲ့ရက်တွေ ကျဲရာကစိပ်လာတော့
သမုဒယတွေတိုး အယုအယတွေပိုးလို့
ညင်သာစွာနှောင်ဖွဲ့
ရုန်းမထွက်ရက်တော့ဘူးကွယ် ….
အင်း တို့လဲ စောစောသိရင် ကဗျာတပုဒ်လောက် ရေးပေးပါတယ်၊ ခုတော့ ဆုပဲ တောင်ပေးသွားမယ် နော်၊ ရှေ့ခရီးလမ်းတွေ သာယာ ဖြောင့်ဖြူးပါစေ၊ အလိုရှိတိုင်းလဲ ပြည့်စုံပါစေ၊ နောင် နှစ်ပေါင်းများစွာ မိဘကို လုပ်ကျွေးနိုင်ပါစေနော်း)
အကိုရေ …
ကဗျာနဲ့တော့ ဆုတောင်းပေးပြီးပြီ …
အခုကတော့ အလွတ်ဆုတောင်းပေါ့ ….
မွေးနေ့စ လိုအင်ဆန္ဒပြည့်ဝပါစေဗျာ ….
သာယာသောဘ၀ကိုလည်း ချစ်သောမိသားစု ၊ ချစ်သောသူ နှင့် တကွ
ပိုင်ဆိုင်နိုင်ပါစေဗျာ
ဒီမွေးနေ့ မှသည် အသက်ထက်ဆုံး ကိုမျိုး ဘ၀ အဆင်ပြေ ချောမွေ့ ပီး ပျော်ရွှင်တဲ့  နေ့ ရက်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ………….
မွေးနေ့ မှာပျော်ရွှင်ပါစေ
အကို့ အသက် ၁၂၀ ရှည်ပါစေ
ဘရားသားမွေးနေ့မှာပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပါတယ်ဗျာ
ကျနော်လည်းအလုပ်မအားလို့ ဘရားသားတို့နဲ့မတွေ့ဖြစ်ဘူး ကျနော် အချိန်တိုင်း သတိရနေပါတယ်ဗျာ ကျနော့်မှာ အွန်လိုင်း ဘရားသားဆိုလို့ ဘရားသားတို့ပဲ ရှိတာပါ
ပျော် ရွှင်ပါစေလို့ဆုတောင်းပါတယ်
ကိုချစ်
မန္တလာသားလေး
အသက် 120 ထိရှည်အောင်တော့ ဆုမတောင်းချင်တော့ဘူး ဘာလို့လည်း ဆိုတော့ ခေတ်မကောင်းလို့ လူဖြစ်ရတာ ဖြစ်ရကျိုးမနပ်ဘူးဗျာ
ပျော်ရွှင်ပါစေ
အန်.. ထွက်မပြေးရပါဘူးဂျာ..
ဒါနဲ့ ညီမငှေးဆိုတာ ဘူဒူတုန်း.. ထွက်ခဲ့
I read a few topics. I respect your work and added blog to favorites.
မွေးနေ့အတွက်နောက်ကျနေပေမယ့်ဆုတောင်းပြီး လာလည်သွားပါကြောင်း
(၃ရက်လောက် နောက်ကျသွားပြီလို့ ထင်ပါတယ်) ဒါပေမယ့် ပျော်ရွှင်တဲ့ မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် အစ်ကို။
ဒီမွေးနေ့ကစလို့ နောင်နှစ်ပေါင်းများစွာမှာ ဖတ်တဲ့သူတွေကို စိတ်အာဟာရတွေ အမြဲပေးတဲ့ကဗျာတွေ အခုလိုပဲ စိတ်ချမ်းမြေ့ပျော်ရွှင်စွာနဲ့ ဆက်ရေးနိုင်ပါစေ…
အကိုကြီးရေ ခရီးတွေပေကြောရှည်နေတာနဲ့ မွေးနေ့ဆုတောင်း နောက်ကျပါပေါ့ဗျာ
နောင်နှစ်ပေါင်းများစွာတိုင်သည်အထိ စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့စွာနဲ့ ကဗျာတွေ ဒီထက် ဒီထက် ပိုလို့တိုးလို့ ရေးနိုင်ပါစေခင်ဗျာ
အဲ… သီချင်းတွေလည်း များများ ဟဲနိုင်ပါစေ အကိုကြီးရေ
နောက်ကျသွားပေမဲ့ ဆုတောင်းပေးပါတယ်…. စကားမစပ် နေ့အိပ်မက်အိပ်မက်ပြန်မက်နေပြီနော်