လက်ချိုးရေတွက် သပြေရွက်နှင့်

ဆောင်းမမှီ.. သဇင်တွေခြောက်လို့
နွေအလွန်မိုးပျော်က်သော်လည်း
မရောက်နိုင်ခဲ့ဘူးကွယ်….

တခေါက်တလေမို့
ပိတောက်တွေ ကြွေပြီးတောင်
နှောင်းနွေကိုကျောခိုင်း
မိုးတွေတောင် ဆိုင်းဆိုင်းညှို့
မှိုင်းမှိုင်းမို့လည်းမပြန်နိုင်
ကံရိုင်းရယ် အခွင့်တစ်ခါသင့်ရင်
အခါတော်ဆင့်လှည့်ပါ
မျှော်ရှာသူလည်း လွမ်းရော့မယ်…

သပြေရွက်နှင့် ပြန်မည့်ရက်ထံ
ချိုးတွက်ပြန်လည်း
ရာသီတေးသာထပ်ခါကြော့သည်
ပြန်မည့်ရေးတော့ ဝေးဆဲကွယ်…

Popularity: 71% [?]

15 Responses to “လက်ချိုးရေတွက် သပြေရွက်နှင့်”

  1. ငါ့အကိုလည်း ဘယ်အချိန်ရေးရေး လက်က မကျဘူးနော် ..ဖတ်ပြီးသွားရင် ရင်ထဲမှာ ခံစားမှုတစ်ရပ် ကျန်ခဲ့စေတယ် … လေးစားပါတယ်အကိုရေ ..

  2. သပြေရွက်နှင့် ပြန်မည့်ရက်ထံ
    ချိုးတွက်ပြန်လည်း
    ရာသီတေးသာထပ်ခါကြော့သည်
    ပြန်မည့်ရေးတော့ ဝေးဆဲကွယ်…

    ဟုတ်တယ်ဗျ
    ပြန်မည့်ရက်ဝေးနေဆဲပဲဗျာ
    ကဗျာလေးကောင်းတယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

  3. ကဗျာကောင်းလေးကို လာရောက်ခံစားသွားပါတယ်…

  4. ကျမကိုယ်တိုင်လည်းဝတ္တရားတွေပျက်ကွက်နေပါတယ်
    ကဗျာကိုခံစားရင်း သီချင်းလေးနဲ့လိုက်ဖက်လွန်းနေတော့
    အနုပညာဖန်တီးအားကောင်းမှုတွေက သိသာလွန်းနေတယ်
    ကျမကို ဟို့း့  နှလုံးသားအနက်ရှိုင်းဆုံးအထိ
    ဆွဲခေါ်သွားပါတယ် ကဗျာဆရာရယ့့် 

  5. Hi, outgoing posts there :-) through’s recompense the interesting information

  6. အကိုရေကဗျာကောင်းလေးကို လာရောက်ခံစားသွားပါတယ်………

  7. ကဗျာတွေကောင်းလှချည့်လားရှင်
    လင့်ထားခွင့်ပြုပါ

  8. ” ကံရိုင်းရယ် အခွင့်တစ်ခါသင့်ရင် အခါတော်ဆင့်လှည့်ပါ
    မျှော်ရှာသူလည်း လွမ်းရော့မယ်…”

    ဒီအပိုဒ်လေးကို တအားသဘောကျတယ်။

  9. ကဗျာလေး အရမ်းသဘောကျတယ်ဗျာ မြန်မာဆန်သလို စကားလုံးလေးတွေလဲ လျတယ်

  10. ကို့ လူရာ ခင်များ ရဲ့  ကဗျာလေး တွေ ဖတ်ပြီး ကျုပ်တော့ အိမ်ပြန်ချင်ပြီ ဗျာ

  11. မြန်မာဆန်တဲ့ကဗျာလေးတွေ ရေးရေးပေးနေတာ တော်တော်ကျေးဇူးတင်ပါတယ်…

  12. လွမ်းစရာလေး ပါလား အကိုရေ

  13. ကဗျာဆရာရေ
    ကဗျာလေးထပ်လာဖတ်ပြီး
    သီချင်းလေးလာနားထောင်တယ်
    ခင်မင်လျက်

  14. အစ်ကိုကျွန်တော်ကသပြေလိုလူဗျာ အစ်ကိုကဗျာလေးကမဆိုဘူးနော်

  15. ကဗျာဆရာက အလုပ်များနေသူဆိုတော့ ကဗျာအဟောင်းတွေပဲထပ်လာဖတ်သွားပါတယ်
    သူများကိုပြောပြီး ကိုယ်လည်းထပ်တူထပ်မျှလေ
    ခင်မင်လျက်

Leave a Reply