မျှော်ရောင်မြင်

ဒီမိုးရယ် သည်းလိုက်ရင်
ရင်ထဲမှာလွမ်း..
မိုးချုန်းလို့ တိမ်ဖုန်းလည်း
အမှောင်ဆုံးက လျှပ်ရောင်မှာ
ရော်ရီကာ မျှော်မတွေးချင်ဘူး
ဒီကိုယ်မှာ ဆွေး..

ရင်ခွင်မှာ လေသာဖြူးရင်
သွေဖီကာ ရင်ငွေ့ဦးမှာ
မှောင်ရီမှာနွေး
ဘယ်ဆီဝယ်အေးစေစိတ်တို့နဲ့.
ဒီကိုယ်မှာ မှေးသိပ်ချင်လည်း
ဆွေးရိပ်မှာဝေး…

တိုးတတိတ်တိတ်တေးသီရင်း
စိုးတထိတ်ထိတ်လွမ်းနေဆဲက
အော်မိုးအရိပ်တို့ရယ်..
ငါ့ကိုလာနမ်းသွားကြပါပေါ့လား…
ငါ့မှာ ပြန်လွမ်းသွားရပါပေါ့လား….

Popularity: 15% [?]

3 Responses to “မျှော်ရောင်မြင်”

  1. အကိုကြီးရေ .. ညီလေးလည်း ထပ်လွမ်းသွားတယ်ဗျာ ..
    ရေးချက်ကကောင်းတော့ မလွမ်းပဲတောင် မနေနိုင်ဖြစ်သွားတယ်ဗျာ

  2. ကဗျာဖတ်ပြီးလွမ်းလိုက်တာ ….. ရင်ထဲမှာတမျိုးလေးဖြစ်သွားတယ် ….

  3. သြော် မိုးရိပ်မြင်တိုင်း လွမ်းမိတယ်ပေါ့နော်….

Leave a Reply