အငှားနွား

အငှားနွားဆိုတာ နွားချင်းတူတာတောင်
စားကျင်းမှာတော့ အိမ်နွားတွေအစာဝမှ
အနံ့ခံခွင့်ရတာ သဘာဝပါ…
သခင်ကလည်း ငှားရက်တော့
သူစိမ်းဖက်တဲ့လက်မှာ
တမိုးတာ ဆိုလို့သာ
မိုးကုန်ရက်ကိုစောင့်နေလည်း
သခင်မဟုတ်တဲ့သူစိမ်းကတော့
တစ်မိုးတစ်ဘ၀စာနဲ့ အဆုံးသတ်စေချင်လားမသိ
ပုခုံးသားတွေ အတစ်လိုက်တွန့်
ခြေတောက်တွေ ဒရွတ်ဆွဲတောင်
သူစိမ်းကတော့ နှင်တံမှာသံချွန်တပ်
အမြီးတောင်မခတ်ရဲတဲ့ဘ၀….
ခွာလန်ပြီး ပခုံးပြတ်
အဖြားခတ်ပြီး အဆုံးသတ်မလှတဲ့ခိုင်းနွား
သူစိမ်းများကြားမှာ တိမ်းပါးသွားခဲ့ရင်တောင်
သခင်နားဆီမှာ အပစ်စကားတွေသာဆိုမည့်သူစိမ်း…
ဘယ်တုန်းကမှ ခေါင်းခါ ဂျိုသွေးချိန်တောင်မရတဲ့ အငှားနွား…
သခင်ပြန်ကြားသမျှတော့ ဂျိုဆန်လည်ဝှေ့ မြီးဖြားရိုက်ဖြတ် ခွာစောင်းခတ်တယ်တဲ့လေ..

Popularity: 14% [?]

19 Responses to “အငှားနွား”

  1. ဘယ်လိုတွေးပြီး ရေးတာလဲဟင်… နေ့အိပ်မက် မျက်ရည်ကျချင်ချင်ဖြစ်သွားတယ်.. တကယ်ပြောတာ… တစ်ခါမှ ဒီအတွေးမျိုး မတွေးဖူးဘူး.. အငှားနွားတဲ့လား..

  2. ဒီကဗျာ ငါ မကြိုက်ဘူး၊..ဘယ်လိုကြီးတုန်း

  3. ကဗျာလေးကတစ်မျိုးလေးပဲနော်.

  4. သခင်ဆီမြန်မြန်ပြန်ရောက်ချင်လိုက်တာ ဆိုတဲ့အတွေးတွေလည်း သူတို့မှာ ရှိနေမှာပဲနော်.. ဒါမှမဟုတ်လည်း ဒီလောက်ငှားရက်တဲ့သခင်ဆီ ပြန်မသွားဘူးကွာဆိုတာမျိုးလည်းရှိမလားပဲ။ အနည်းစုပေါ့လေ..

  5. မကျေနပ်လို့ တခေါက်ပြန်လာဖတ်တယ်…ကိုယ်ကိုယ်တိုင် အငှားနွားဖြစ်မှန်းမသိ ဖြစ်နေတယ်…

  6. အလည်ရောက်ပါတယ်၊ အားပေးလျက်ပါဗျာ

  7. အဆင်မပြေဘူးလား..အဲလို ကဗျာတွေ ရေးပါနဲ့ ဟာ…ပင်ပန်းပါတယ်။

  8. အဖျားခတ်လား အဖြားခတ်လား …ဖျားတယ်လို့ ပြောချင်တာမို့ လားးးးးးးးး

  9. အရမ်းကောင်းတဲ့ကဗျာလေးတစ်ပုဒ်လို့ ခံစားမိလိုက်တယ်…။
    ဖတ်ရတာ ကျေးဇူးပါခင်ဗျာ…။

  10. ဟူး အငှါးနွား ဘ၀တွေ မလွယ်ပါလား။ တကယ် ထင်ဟပ်စေနိုင်တဲ့ ကဗျာလေးပါပဲ။

  11. ကဗျာတွေတော်တော်ကောင်းတယ်ဗျာ

  12. ကဗျာတွေကောင်းတယ်ဗျာ

  13. What are costs for scoring G&T tests?

  14. Valuable thoughts and advices. I read your topic with great interest.

  15. Valuable thoughts and advices. I read your topic with great interest.

  16. ဘယ်တွေပျောက်နေတာလဲဟင်

  17. Thank you! You often write very interesting articles. You improved my mood.

  18. Amazing article, lots of intersting things to digest. Very informative

  19. I really like your blog and i respect your work. I’ll be a frequent visitor.

Leave a Reply