နယ်လွန်သူရဲ့ နယ်ကျွံငှက်
လေဆန်မှာ ပျံဝဲတဲ့ ငှက်ငယ်ရယ်
နေဒါဏ်တွေ သင့်တဲ့ခရီးမှာ
နယ်လွန်သူ တစ်ဘက်ကမ်းက ငါ့ရင်ခွင်ဆီ
နယ်ကျွံကာ အလည်လွန်တစ်ခေါက်
နင်ရောက်ခဲ့ဖူးတယ်နော်…..
လေနီကြမ်း ဖြန်းတဲ့ခရီးကနေ
ရင်ခွင်မှာနားတုန်းခဏ
အတောင်တွေကို ပွတ်သတ်လို့နေစဉ်မှာ
ရင်ခွင်ညှာ ခေါင်းလှည့်လို့
သာယာစွာတိုးဝှေ့တာလေးတွေ
ပြန်မြင်ရောင် တမ်းတကာ
ရင်ခွင်မှာ လွမ်းရတယ်…
ကြယ်တွေကို ကြည့်ရင်းခဏ
ရင်ခွင်မှာ သာတဲ့လလို
ထင်ရောင်ကာမြင်နေဆဲ
ပေါ်မလာသူ မျှော်နေတဲ့တဘက်က
ရီဝေစွာ မှောင်နေလည်း
နယ်လွန်သူ ကြိုနေတဲ့ ပခုံးထက်ဆီ
နယ်ကျွံသူရယ်.. ခိုလှည့်တော့…
Popularity: 16% [?]









အင်း .. ဘယ်အချိန်ထွက်လာ .. ထွက်လာ .. ငါ့အကိုက လက်မကျဘူးဟေ့ ..
နယ်လွန်သူ ကြိုနေတဲ့ ပခုံးထက်ဆီ
နယ်ကျွံသူရယ်.. ခိုလှည့်တော့ တဲ့ .. မိုက်တယ်ဗျာ ..
အရေးအသားကောင်းလွန်းတော့ မျက်စိထဲတောင်မြင်ယောင်မိတယ် ..
နယ်ကျွံသူရေ အမြန်ခိုလှည့်ပါတော့။ဒီမှာ အကိုတစ်ယောက်တော့ မျှော်တော်စောနဲ့ မောနေပြီ။
ကဗျာလေးက နုလှနေတယ်အကို။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
နယ်လွန်သူ နဲ့ နယ်ကျွံသူ အတူတူ ပဲလေ
Thank you! You often write very interesting articles. You improved my mood.
မိုးပွင့်က အခုမှ ဘလော့တစ်ခုကို စပြီးဖန်တီးနေတာလေ။ ဒီကဗျလေးကို အရမ်းကြိုက်လို့ ကူးယူသွားတယ်။ တကယ်လို့ အချိန်ရှိရင် မိုးပွင့်ဆီ အလည်လာပြီး အကြံပေးသွားပါဦးနော်။
ကဗျာတွေ များများရေးနိုင်ပါစေ။
ကြိုက်တယ်ဗျာ … နောက်ဆုံးအပိုဒ်လေးက ရင်ထဲကို လာငြိသွားတယ် ကို အဇ္ဈတ္တရေ …