ရင်နင့်ဖွယ်အမေ..

အမေ.. ကြွေလွင့်နေတဲ့ရွက်ဝါတွေ
ပင်အိုမှခွဲ လေနှင်ရာဝဲသလို
အမေ့ရင်ငွေ့ထဲက သားတွေသမီးတွေလည်း
ရေမြေခြားမှာ ဟိုကနေဒီလွှဲ
တ၀ဲတလည်လည်ပါပဲအမေ….

အမေ.. ခေတ်ရဲ့ပြောင်းလဲမှုတွေကြားမှာ
အမေ့ရဲ့သားသမီးတွေ တိုးဝှေ့တွန်းတက်
ဝဲဂယက်တစ်ခုလိုပါပဲ…
ခေတ်ထဲမှာ တိုးတက်ဖို့ အမေ့ယဉ်ကျေးမှုတွေဖျောက်ဖျက်
ဝတ်ရတာအနှောက်ယှက်ဖြစ်တယ်တဲ့အမေ..
ဒီလိုနဲ့ပဲ.. အမေ့ယဉ်ကျေးမှုတွေ တဖြေးဖြေးကွယ်ပျောက်
လမ်းဘေးတောင်ရောက်ရောပေါ့…

အော်… ဒါပေမယ့်.. အမေ့ယဉ်ကျေးမှုကိုကွယ်ဖျောက်
ခေတ်နောက်ကို တောက်လျှောက်လိုက်နေတဲ့ အမေ့သားသမီးတွေ
ခေတ်အောက်မှာ နောက်ကောက် သူတပါးအောက်မှာ
ပြားပြားမှောက်နေကြဆဲပေါ့

အမေ.. နာကျင်လှိုက်ကြွ ရင်ထဲမှာ ဒေါသတွေ ပေါ်လာတဲ့အခါ
အမေ့ရဲ့သမိုင်းတွေ ပြန်လှန်ပြ.. ပုဂံခေတ်နှောင်းပိုင်းကတည်းက
အမေက မုဆိုးမတပိုင်းပါပဲလား…
အမေ… သွေးရဲတဲ့ အမေ့သားတချို့ သွေးကွဲသူက ကွဲနေပြီ..
Read more »

Popularity: 9% [?]

အငှားနွား

အငှားနွားဆိုတာ နွားချင်းတူတာတောင်
စားကျင်းမှာတော့ အိမ်နွားတွေအစာဝမှ
အနံ့ခံခွင့်ရတာ သဘာဝပါ…
သခင်ကလည်း ငှားရက်တော့
သူစိမ်းဖက်တဲ့လက်မှာ
တမိုးတာ ဆိုလို့သာ
မိုးကုန်ရက်ကိုစောင့်နေလည်း
သခင်မဟုတ်တဲ့သူစိမ်းကတော့
တစ်မိုးတစ်ဘ၀စာနဲ့ အဆုံးသတ်စေချင်လားမသိ
ပုခုံးသားတွေ အတစ်လိုက်တွန့်
ခြေတောက်တွေ ဒရွတ်ဆွဲတောင်
သူစိမ်းကတော့ နှင်တံမှာသံချွန်တပ်
အမြီးတောင်မခတ်ရဲတဲ့ဘ၀….
ခွာလန်ပြီး ပခုံးပြတ်
အဖြားခတ်ပြီး အဆုံးသတ်မလှတဲ့ခိုင်းနွား
သူစိမ်းများကြားမှာ တိမ်းပါးသွားခဲ့ရင်တောင်
သခင်နားဆီမှာ အပစ်စကားတွေသာဆိုမည့်သူစိမ်း…
ဘယ်တုန်းကမှ ခေါင်းခါ ဂျိုသွေးချိန်တောင်မရတဲ့ အငှားနွား…
သခင်ပြန်ကြားသမျှတော့ ဂျိုဆန်လည်ဝှေ့ မြီးဖြားရိုက်ဖြတ် ခွာစောင်းခတ်တယ်တဲ့လေ..

Popularity: 14% [?]

You Raise Me Up

ခဏခဏနားထောင်ဖြစ်ရင်း သိပ်ကြိုက်တဲ့သီချင်းလေးမို့ ဘလော့လေးထဲမှာ ထည့်ပီးတင်ထားမိတာပါ… ကြားဖူးသူရောမကြားဖူးသူရော ပြန်နားထောင်သွားဦးပေါ့… အသံကို ဖန်တီး သီဆိုနိုင်တဲ့အဖွဲ့မို့ ကျနော် သိပ်နှစ်သက်တဲ့ အဖွဲ့လေးပါ…

Popularity: 12% [?]

၃၃ နှစ်တာ

ဘာလိုလိုနဲ့ ဘ၀တွေကို ဖြတ်သန်းလာလိုက်တာ တော်တော်တောင်ခရီးပေါက်နေပြီ… အဆုံးသတ်တွေသိပ်မဝေးတော့ဘူးဆိုတဲ့ အချက်ပြမီးတွေ လင်းလာတိုင်း မေ့ထားခဲ့ဘူးတာ.. ဘယ်တုန်းကမှ ဘာမှမလုပ်ဘူးပေမယ့် အခုတော့လည်း မေ့လျော့မှုတွေကြားက မှတ်မှတ်ရရ ကျနော့်ရဲ့ ညီတွေ၊ ညီမတွေပေးတဲ့ အမှတ်တရလေးတွေနဲ့ အတူ ဒီမွေးနေ့လေးကို ကျနော် ဒီဘလော့လေးကနေပဲ ကျင်းပလိုက်ပါရစေ.. ကျနော်ခင်သော ကျနော့်ကို ခင်သော မိတ်ရင်းဆွေဖော်များကို ကျနော့်ရဲ့ သံဝေဂ ကဗျာလေးနဲ့အတူ ညီတွေ၊ ညီမတွေရဲ့ အမှတ်တရများနဲ့ ရာသက်ပန်အတွက် မမြဲသော လူ့နိဗ္ဗာန် ထာဝရမဟုတ်သော အစဉ်မြဲတစ်ခုအဖြစ် မှတ်ယူရင်း ကျနော့်ရဲ့ ဖြတ်သန်းဆဲ တစ်စိတ်တစ်ဒေသလေးကို ဖော်ပြပါရစေ…

သံဝေဂအတွေးများ

သံဝေဂ အချက်ပြအလင်းများ
ငါ့အသိ နံရံတံခါးအား
နားခိုဖြတ်သွားပါသော်လည်း
ငါကား…မသိ…

အရိပ်စစ်ဖြစ်ရာ အေးဆိတ်ငြိမ်းမြတ်
တရားတို့ရှိအပ်သော အရပ်ဒေသ၌လည်း
ငါမပျော်ပိုက်…
Read more »

Popularity: 21% [?]

နယ်လွန်သူရဲ့ နယ်ကျွံငှက်

လေဆန်မှာ ပျံဝဲတဲ့ ငှက်ငယ်ရယ်
နေဒါဏ်တွေ သင့်တဲ့ခရီးမှာ
နယ်လွန်သူ တစ်ဘက်ကမ်းက ငါ့ရင်ခွင်ဆီ
နယ်ကျွံကာ အလည်လွန်တစ်ခေါက်
နင်ရောက်ခဲ့ဖူးတယ်နော်…..

လေနီကြမ်း ဖြန်းတဲ့ခရီးကနေ
ရင်ခွင်မှာနားတုန်းခဏ
အတောင်တွေကို ပွတ်သတ်လို့နေစဉ်မှာ
ရင်ခွင်ညှာ ခေါင်းလှည့်လို့
သာယာစွာတိုးဝှေ့တာလေးတွေ
ပြန်မြင်ရောင် တမ်းတကာ
ရင်ခွင်မှာ လွမ်းရတယ်…

ကြယ်တွေကို ကြည့်ရင်းခဏ
ရင်ခွင်မှာ သာတဲ့လလို
ထင်ရောင်ကာမြင်နေဆဲ
ပေါ်မလာသူ မျှော်နေတဲ့တဘက်က
ရီဝေစွာ မှောင်နေလည်း
နယ်လွန်သူ ကြိုနေတဲ့ ပခုံးထက်ဆီ
နယ်ကျွံသူရယ်.. ခိုလှည့်တော့…

Popularity: 16% [?]